Myanmar Cyber Security Challenge 2024 (အလွတ်တန်းအဆင့်) ပြိုင်ပွဲနှင့် ဆိုက်ဘာလုံခြုံ ရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၄ (တက္ကသိုလ်အဆင့်) ဆုပေးပွဲကို နေပြည်တော်၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂) ၌ ယနေ့ မနက် ၉ နာရီမှ ညနေ ၅ နာရီ ၃၀ မိနစ်အထိ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာစကား ပြောကြားဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
မူလ
| ဇူလှိုင်လ 25, 2024
ဆိုက်ဘာခြိမ်းခြောက်သူများသည် Hamster Kombat ဂိမ်း၏ အကြီးအကျယ် ရေပန်းစားမှုကို အခွင့်ကောင်းယူကာ Spyware နှင့် သတင်းအချက်အလက်ခိုးယူရေး ဆော့ဖ်ဝဲလ်များကို ထည့်သွင်းနိုင်သည့် Android နှင့် Windows ဆော့ဖ်ဝဲလ် အတုများကို သုံး၍ ကစားသမားများကို ပစ်မှတ်ထားနေကြသည်။ (ဆက်လက်ဖတ်ရှုပါရန်)
| ဇူလှိုင်လ 24, 2024
Android အတွက် Telegram တွင် ဖြစ်ပေါ်နေသည့် “EvilVideo” အမည်ရှိ Zero-Day လုံခြုံရေးအားနည်းချက်တစ်ခုသည် တိုက်ခိုက်သူများအား ဗီဒီယိုဖိုင်များ အယောင်ဆောင်ထားသည့် အန္တရာယ်ရှိသော Android APK Payload များကို ဖြန့်ဖြူးနိုင်စေရန် ခွင့်ပြုထားသည်။ “Ancryno” အမည်ရှိ ဆိုက်ဘာခြိမ်းခြောက်သူတစ်ဦးသည် ၆-၆-၂၀၂၄ ရက်နေ့တွင် ရုရှားစကားပြော XSS Hacking ဖိုရမ်၏ ပို့စ်တစ်ခု၌ Telegram ၏ Zero-day Exploit ကုဒ်ကို စတင်ရောင်းချခဲ့ပြီး လုံခြုံရေးအားနည်းချက်သည် Telegram v10.14.4 နှင့် ၎င်းအောက် Version များတွင် ဖြစ်ပေါ်နေကြောင်း ဖော်ပြထားသည်။
| ဇူလှိုင်လ 19, 2024
နောက်ဆုံးထုတ် CrowdStrik Falcon ၏ Update ရှိ ပြစ်ချက်ပါသော အစိတ်အပိုင်းတစ်ခုက Windows စနစ်များကို ရပ်တန့်စေခဲ့ပြီး လေဆိပ်များ၊ ရုပ်သံလွှင့်ဌာနများနှင့် ဆေးရုံများအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ အဖွဲ့အစည်းများနှင့် ဝန်ဆောင်မှုများကို ထိခိုက်စေခဲ့သည်။ ချို့ယွင်းချက်က Windows ကွန်ပျူတာများနှင့် ဆာဗာများကို ထိခိုက်စေပြီး ကုမ္ပဏီတစ်ခုလုံးနှင့် ကွန်ပျူတာသိန်းပေါင်းများစွာကို Offline ဖြစ်စေကာ အကြီးအကျယ် ပြတ်တောက်မှုဖြစ်စေခဲ့သည်။ (ဆက်လက်ဖတ်ရှုပါရန်)
| ဇွန်လ 26, 2024
FBI က LockBit Ransomware ၏ တိုက်ခိုက်ခံထားရသူများအား ၎င်းတို့သည် Decryption Key ၇,၀၀၀ ကျော်ကို ရရှိထားပြီးဖြစ်ကြောင်းနှင့် တိုက်ခိုက်ခံထားရသူများအနေဖြင့် စာဝှက်ခြင်းခံထားရသောဒေတာများကို အခမဲ့ ပြန်လည်ဖော်ယူနိုင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး ၎င်းတို့ထံဆက်သွယ်ရန် တိုက်တွန်းလိုက်သည်။
| ဇွန်လ 06, 2024
ယူနိုက်တက်ကင်းဒမ်း၏ သတင်းအချက်အလက်ကော်မရှင်နာရုံး (ICO) သည် မြောက်အိုင်ယာလန်ရဲဌာန (PSNI) အား အွန်လိုင်းပေါ်သို့ အမည်စာရင်းဇယားဖိုင် မှားယွင်းတင်မိခြင်းကြောင့် တပ်ဖွဲ့ရှိ ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်အလက်များ ပေါက်ကြားစေမှုဖြင့် ဒဏ်ငွေ ပေါင် ၇၅၀,၀၀၀ (ဒေါ်လာ ၉၅၄,၀၀၀) ပြစ်ဒဏ်သတ်မှတ်ရန် ရည်ရွယ်ထားသည်။
| မေလ 21, 2024
Ransomware လှုပ်ရှားမှုတစ်ခုက PuTTY နှင့် WinSCP တို့အား ရယူနိုင်သည့် Download ဝဘ်ဆိုက်အတုများကို ကြော်ငြာရန် Google Ads များကို ဝယ်ယူခြင်းဖြင့် Windows System Administrator များကို ပစ်မှတ်ထားနေသည်။ WinSCP နှင့် Putty တို့သည် Windows အတွက် နာမည်ကျော် အသုံးချပရိုဂရမ်များဖြစ်ပြီး WinSCP ဖြင့် SFTP နှင့် FTP ချိတ်ဆက်ခြင်း၊ PuTTY ဖြင့် SSH ချိတ်ဆက်ခြင်းတို့ ဆောင်ရွက်နိုင်သည်။ (ဆက်လက်ဖတ်ရှုပါရန်။)
| မေလ 21, 2024
ဘဏ်လုပ်ငန်းဆိုင်ရာထရိုဂျန်ဖြစ်သော Grandoreiro သည် အကြမ်းဖျင်းအားဖြင့် ဘဏ် ၁,၅၀၀ ခန့်၏ ဖောက်သည်အကောင့်များကို ပစ်မှတ်ထားပြီး နိုင်ငံပေါင်း ၆၀ ကျော်တွင် လိမ်လည်မှုအကြီးစားများကို ဖြန့်ကျက်လှုပ်ရှားလျက်ရှိသည်။ (ဆက်လက်ဖတ်ရှုပါရန်)
| မေလ 08, 2024
အွန်လိုင်း စတိုးဆိုင်များကို အုပ်ချုပ်ရသည့် ကုမ္ပဏီအုပ်စုတစ်ခု၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Onur Aksoy သည် ကမ္ဘာတစ်ဝှမ်းရှိ အစိုးရ၊ ကျန်းမာရေး၊ ပညာရေးနှင့် စစ်ဘက်အဖွဲ့အစည်းများထံသို့ အမေရိကန်ဒေါ်လာ သန်းတစ်ရာတန်သော Cisco ကွန်ရက်စက်ပစ္စည်းတုများ ရောင်းချမှုအတွက် ထောင်ဒဏ် ၆ နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ (ဆက်လက်ဖတ်ရှုပါရန်။)
17 ဖေဖော်ဝါရီလ 23