အဓိကအကြောင်းအရာသို့ သွားမည်
x

mmCERT နောက်ခံသမိုင်း

၁။         မြန်မာဆိုက်ဘာအရေးပေါ်တုံ့ပြန်ရေးဌာနခွဲ (Myanmar Cyber Emergency Response Team - mmCERT) ကို   ၂၀၀၄ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့၌ e-National Task Force အနေဖြင့် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့မှ စတင်၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနတွင် mmCERT ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင်  မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့အမည်ဖြင့် ဌာနခွဲတစ်ခုကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနအောက်တွင် ဖွဲ့စည်းခဲ့ပါသည်။ ၂၈-၇-၂၀၂၅ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သော သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနအောက်တွင် မြန်မာဆိုက်ဘာအရေးပေါ်တုံ့ပြန်ရေးဌာနခွဲ အနေဖြင့် ဖွဲ့စည်းခဲ့ပါသည်။

၂။       မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် CERT တစ်ခုဖြစ်သော mmCERT သည် ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ဖြေရှင်းပေးသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ဆိုက်ဘာလုံခြုံရေးဖြစ်စဉ်များ ကိုင်တွယ်ဖြေရှင်းခြင်းသာမက ပြည်သူလူထုအား ဆိုက်ဘာလုံခြုံရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်း၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာနည်းပညာအကူအညီနှင့် အကြံဉာဏ်များပေးခြင်း၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။

မူဝါဒ

၃။      မြန်မာဆိုက်ဘာအရေးပေါ်တုံ့ပြန်ရေးဌာနခွဲ၏ မူဝါဒမှာ ဘေးကင်းလုံခြုံပြီး တည်ငြိမ်ကောင်းမွန်သော ဆိုက်ဘာရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာစေရန် ဖြစ်ပါသည်။

ရည်မှန်းချက်

၄။       နိုင်ငံသားတို့တွင် ဆိုက်ဘာလုံခြုံရေး အသိပညာဗဟုသုတများ ပြည့်ဝစေရန်နှင့် နိုင်ငံ၏ဆိုက်ဘာရပ်ဝန်းကို ကာကွယ်ရန်အတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ထိခိုက်မှုဖြစ်စဉ်များကို ကြိုတင်ကာကွယ်ခြင်း၊ ရှာဖွေဖော်ထုတ်ခြင်း၊ တုံ့ပြန်ဖြေရှင်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်းတို့ကို ဆောင်ရွက်ရန်။

  လုပ်ငန်းတာဝန်များ

၂။       မြန်မာဆိုက်ဘာအရေးပေါ်တုံ့ပြန်ရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များမှာ ဆိုက်ဘာတိုက်ခိုက်မှုဖြစ်စဉ်များကို တုံ့ပြန်ဖြေရှင်းခြင်း၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးခြင်း၊ ဆိုက်ဘာလုံခြုံရေး စွမ်းဆောင်ရည် မြှင့်တင်တည်ဆောက်ခြင်း၊ ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ နည်းပညာအကူအညီနှင့် အကြံဉာဏ်များပေးခြင်းနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။

No block builder selected