Covid-19 Phishing လှုပ်ရှားမှုနှင့်ပတ်သက်၍ သတိပေးချက်
Covid-19 နှင့်ပတ်သက်၍ လူအများ Stay Home နေကြခြင်းကို အကြောင်းပြုကာ ဟက်ကာများက "အင်တာနက် 1000GB ပေးမည်" ဟု မက်လုံးပေးလိမ်လည်သော Phishing Campaign လှုပ်ရှားမှုများ ပြုလာကြရာ ဆိုက်ဘာလုံခြုံရေးအသိပညာ နည်းပါးသူများက ပုံ(၁)တွင်မြင်ရသည့်အတိုင်း Messenger မှတဆင့် ပေးပို့ခြင်း၊ Facebook တွင် ပို့စ်များကို share လုပ်ခြင်းများ ပြုလုပ်နေကြသည်ကို တွေ့မြင်ရပါသည်။
ပုံ(၁)
ပုံ(၁)တွင်ပါရှိသော shorturl[.]at/ksFMN ကိုနှိပ်ပါက ပုံ(၂)တွင်မြင်တွေ့ရသည့် 100gb[.]xyz ကို ရောက်ရှိသွားမည်ဖြစ်ကာ 1000GB Free Internet ကိုရရှိရန် Covid-19 နှင့်ပတ်သက်သည့် မေးခွန်း(၃)ခုကို ဖြေဆိုခိုင်းမည်ဖြစ်ပါသည်။ ထိုအချိန်တွင် ပုံ(၃)တွင်မြင်ရသည့် Obfuscated လုပ်ထားသော JavaScript ဖိုင်ကို အလုပ်လုပ်စေမည်ဖြစ်ပါသည်။ ထို့နောက် ၎င်းတို့၏ပို့စ်ကို နောက်ထပ်လူ(၁၅)ယောက်ထံ နောက်ထပ်ဖြန့်ဝေခိုင်းခြင်း၊ malicious link ပါရှိသော Survey များကို ဖြေဆိုခိုင်းခြင်းများ ပြုလုပ်စေမည်ဖြစ်ပါသည်။
ပုံ(၂)
ပုံ(၃)
အဆိုပါလင့်ကိုနှိပ်ခြင်းဖြင့် မိမိ၏ Facebook နှင့်ပတ်သက်သော အချက်အလက်များကို တိုက်ခိုက်သူများက ခိုးယူနိုင်ခြင်း၊ malicious website များမှတဆင့် နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်စေနိုင်ခြင်းတို့ကြောင့် အလားတူ ပို့စ်များတွေ့ရှိပါက Share ခြင်း၊ Messenger မှတဆင့် အခြားသူများထံ ဖြန့်ဝေခြင်းမျိုး မပြုလုပ်ကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်။