အဓိကအကြောင်းအရာသို့ သွားမည်
x

မသမာသူများမှ Phishing မေးလ်များ ပေးပို့ခြင်းနှင့် ပတ်သက်၍ သတိပေးချက်

မသမာသူများမှ Phishing မေးလ်များ ပေးပို့ခြင်းနှင့် ပတ်သက်၍ သတိပေးချက်

၁။       မသမာသူများသည် သတင်းအချက်အလက်ခိုးယူရန်အတွက် messenger.inf0rmationn@gmail.com မေးလ်အကောင့်အား အသုံးပြု၍ အီးမေးလ်၏ Subject တွင် “mmcert ၏ လမ်းညွှန်ချက် အားပေးပို့ခြင်း” အမည်ဖြင့် အဖျက်အမှောက်ဖိုင်ပါရှိသော မေးလ်များ ပေးပို့လျက်ရှိပါသည်။ အဆိုပါ အီးမေးလ်တွင် mmcert.pdf ဖိုင်နှင့် Guidebook for Suspicious Mails.doc ဖိုင်တို့ပါဝင်ပြီး ပါဝင်သော ဖိုင်နှစ်ဖိုင်အနက် mmcert.pdf ဖိုင်သည် မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့မှ ရေးသားထုတ်ဝေထားသည့် “အန္တရာယ်ဖြစ်စေနိုင်သည့် အီးမေးလ်များ လက်ခံရရှိပါက လိုက်နာဆောင်ရွက် ရမည့်အချက်များ Version 1.0” ဖိုင်ဖြစ်ပြီး Guidebook for Suspicious Mails.doc ဖိုင်သည် အယောင်ဆောင်ထားသည့် အဖျက်အမှောက်ကုဒ်များပါရှိသောဖိုင် ဖြစ်ပါသည်။

ပုံ(၁) အဖျက်အမှောက်ကုဒ်များပါသော Malware (Microsoft Word ဖိုင်)

၂။       အဖျက်အမှောက်ကုဒ်ပါသော Microsoft Word ဖိုင်အား ဖွင့်ပါက ပုံ(၂)ပါအတိုင်း Password ကိုတောင်းခံမည်ဖြစ်ပါသည်။ Malware များသည် Antivirus၊ Firewall နှင့် အီးမေးလ်လုံခြုံရေး စနစ်များကဲ့သို့သော ဆိုက်ဘာလုံခြုံရေးဆိုင်ရာစောင့်ကြည့်စနစ်များ၏ စုံစမ်းမှုကို ကျော်လွှားနိုင်ရန် အတွက် Passsword ကို အသုံးပြုကြပြီး Password များကိုလည်း Mail Body များတွင် တစ်ပါတည်း ထည့်သွင်းဖော်ပြတတ်ပါသည်။

ပုံ(၂) အဖျက်အမှောက်ဖိုင်အား ဖွင့်ရန်အတွက် Password တောင်းခံပုံ

၃။       Password အား ရိုက်ထည့်ပါက ပုံ(၃)ပါအတိုင်း Security Warning တစ်ခုကို မြင်တွေ့ရမည်ဖြစ်ပြီး “Enable Content” Button ကိုနှိပ်ပါက အဖျက်အမှောက်ဖိုင်ပါသော Macros ကုဒ်များက အလုပ်လုပ်မည်ဖြစ်ပါသည်။

ပုံ(၃) အဖျက်အမှောက် Macro ကုဒ်များပါရှိကြောင်း Microsoft Word ၏ သတိပေးချက်

၄။       အကယ်၍ “Enable Content” Button ကို နှိပ်ခဲ့ပါက Malware သည် အောက်ပါနေရာများသို့ အဖျက်အမှောက်ကုဒ်များပါသော ဖိုင်များကို နေရာချထားမည် ဖြစ်ပါသည် -  

          (က)    C:\Users\Admin\AppData\Local\DQkUKLto2XbEHq3.vbs

          ( ခ)    C:\Users\Admin\AppData\Local\eventviewr.exe

          ( ဂ)    C:\Users\Admin\AppData\Local\Nb6xcQnuzRJM9nP.bat

          (ဃ)    C:\Users\Admin\AppData\Local\TGhbg689fHg4VkT.vbs

          ( င)    C:\Users\Admin\AppData\Local\Microsoft\eventviewr.zip

          ( စ)          C:\Users\Admin\AppData\Roaming\Microsoft\Windows\StartMenu\ Programs\Startup\OCu3HBg7gyI9aUaB.vbs

          (ဆ)    C:\Windows\System32\Tasks\EventViewerLog

ပုံ(၄) C:\Users\Admin\AppData\Local\ Folder အောက်ရှိ အဖျက်အမှောက်ဖိုင်များ

၅။       Malware သည် တိုက်ခိုက်ထားသော ကွန်ပျူတာတွင် အချိန်ပြည့်အလုပ်လုပ်နိုင်ရန်အတွက် Startup အနေဖြင့်သော်လည်းကောင်း၊ Scheduled Task အနေဖြင့်သော်လည်းကောင်း အလုပ်လုပ်ပါသည်။

ပုံ(၅) Malware မှ ကွန်ပျူတာဖွင့်တိုင်း အလုပ်လုပ်နိုင်ရန် Startup Folder တွင် ထားရှိထားပုံ

ပုံ(၆) Malware သည် တစ်မိနစ်ကြာတိုင်း အလုပ်လုပ်စေရန် Scheduled Task တွင်ရေးသားထားပုံ

၆။       Malware သည် သတင်းအချက်အလက်များကို ခိုးယူရန်နှင့် နောက်ထပ်သော အဖျက်အမှောက် ဖိုင်များကို အင်တာနက်မှ Download ရယူနိုင်ရန်အတွက် အောက်ပါ Domain များကို ချိတ်ဆက်နိုင်ပါသည် -

          (က)    http://myanmar-apn.serveftp.com

          ( ခ)    http://mytel-mm.servehttp.com

          ( ဂ)    http://telenor-mm.redirectme.net

          (ဃ)    http://windows-update.hopto.org

၇။      Microsoft Windows များတွင်ပါရှိသည့် Event Viewer အယောင်ဆောင်ထားသော အဖျက်အမှောက်ဖိုင် (eventviewr.exe) အား လက်ရှိတွင် AntiVirus ၄ ခုကသာ စုံစမ်းသိရှိသည့်အတွက် အခြားသော Antivirus များမှ အဆိုပါဖိုင်အား စုံစမ်းသိရှိနိုင်ခြင်း မရှိသေးပါ။

ပုံ(၇) Malware အား www.virustotal.com Website တွင် စစ်ဆေးထားပုံ

၈။      Malware တိုက်ခိုက်ခံထားရသောကွန်ပျူတာများ (Word Document ဖိုင်အားဖွင့်မိထားသောသူများ)သည် အပိုဒ်(၄)တွင်ဖော်ပြထားသော နေရာများမှ ဖိုင် ၇ ဖိုင်ကို ကိုယ်တိုင်ဖျက်ပစ်ရန် လိုအပ်ပါသည်။

၉။       မိမိတို့အဖွဲ့အစည်းများတွင် Network-based Firewall များတပ်ဆင်ထားပါက (သို့) Host-based Firewall (Windows Defender Firewall) အသုံးပြုပါက အပိုဒ်(၆)ပါ Domain လိပ်စာများအား Firewall တွင် ပိတ်ပင်ထားရန် လိုအပ်ပါသည်။

၁၀။    သံသယဖြစ်ဖွယ်မေးလ်များ လက်ခံရရှိပါက မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့မှ ထုတ်ဝေထားသည့် “အန္တရာယ်ဖြစ်စေနိုင်သည့် အီးမေးလ်များ လက်ခံရရှိပါက လိုက်နာဆောင်ရွက် ရမည့်အချက်များ Version 1.0” လမ်းညွှန်ချက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

Download လုပ်ရန်။ https://www.mmcert.org.mm/en/file-download/download/public/378

၁၁။    ဆိုက်ဘာတိုက်ခိုက်မှုနှင့်ပတ်သက်၍ တိုင်ကြားလိုပါက အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၊ ဇမ္ဗူကျက်သရေလမ်း၊ ဇမ္ဗူသီရိမြို့သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်ဖြစ်သော ၀၆၇-၃၄၂၂၂၇၂ သို့ ဖုန်းဖြင့်ဖြစ်စေ၊ infoteam@mmcert.org.mm နှင့် incident@ncsc.gov.mm တို့သို့ အီးမေးလ်ပေးပို့၍ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

 

မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့

PDF File
Dark Web Hosting ဝန်ဆောင်မှုလုပ်ငန်း Daniel's Hosting တိုက်ခိုက်ခံရပြီး Site ပေါင်း (၆၅၀၀)ကျော် ဖျက်ဆီးခံရ
နိုဝင်ဘာ ၁၅၊ ကြာသပတေးနေ့က ဟက်ကာများသည် Dark Web Hosting ဝန်ဆောင်မှုလုပ်ငန်းထဲတွင် အကြီးဆုံးတစ်ခုဖြစ်သော Daniel's Hosting ကို တိုက်ခိုက်ပြီးနောက် (၆၅၀၀)ကျော်သော Site များအား ဖျက်ဆီးခဲ့ပါသည်။
Incident Handling – Intrusion Detection သင်တန်းဆင်းပွဲ ကျင်းပ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်းဖွင့်လှစ်ခဲ့သည့် Incident Handling – Intrusion Detection (ဒုတိယအကြိမ်)  သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့ နေလည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
တရုတ်ဟက်ကာများက အစိုးရ၏ ကွန်ရက်များပေါ်တွင် အဖျက်အမှောက်ပရိုဂရမ်များချရန် Google Drive ကိုအသုံးပြု

အစိုးရ၏ ကျောထောက်နောက်ခံပြု တရုတ်ဟက်ကာများသည် ကမ္ဘာတစ်ဝှမ်းရှိ အစိုးရ၊ သုတေသနနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်း

BlackByte Ransomware Decryptor ကို ဖြန့်ချိ

မကြာသေးခင်က အိုင်တီလောကမှာတွေ့ရှိခဲ့တဲ့ malware ပုံစံသစ်ကတော့ အခြားလူသိများတဲ့ မျိုးကွဲတွေလိုပဲ ဖြန့်ချိသူတ

Fortinet VPN အကောင့်များ၏ စကားဝှက် ၅သိန်းခန့်ကို ဟက်ကာများက ဖွင့်ချခဲ့

ဆိုက်ဘာတိုက်ခိုက်သူတစ်ဦးက ၅ သိန်းခန့်ရှိတဲ့ Fortinet VPN အကောင့်တွေရဲ့ အမည်တွေနဲ့ စကားဝှက်တွေကို ဖွင့်ချခဲ့

Loadding
Loadding