အဓိကအကြောင်းအရာသို့ သွားမည်
x

Google Chrome ၏ Zero-Day Vulnerability အား အသုံးချတိုက်ခိုက်လျက်ရှိ

     Google သည် သူ၏ Chrome Browser ရှိ Zero-Day အားနည်းချက်တစ်ခုကို ဖြေရှင်းရန် Security Update များ ထုတ်ပြန်ခဲ့သည်။ Chrome အသုံးပြုသူများအား နောက်ဆုံး Version သို့ ချက်ချင်း Update လုပ်ရန် အကြံပြုထားသည်။

နောက်ခံ (Background)

     Google သည် Chrome Browser ရှိ Zero-Day Vulnerability (CVE-2026-5281) ကို ဖြေရှင်းရန် Security Update များ ထုတ်ပြန်ခဲ့သည်။

 

သက်ရောက်မှု (Impact)

     Google Chrome ၏ Dawn WebGPU Implementation တွင်ရှိသော "use-after-free" အားနည်းချက်ကို အောင်မြင်စွာ အသုံးချနိုင်ပါက Renderer Process ကို ထိန်းချုပ်နိုင်သော Attacker တစ်ဦးသည် Crafted HTML Page တစ်ခုမှတဆင့် Arbitrary Code ကို အလုပ်လုပ်စေနိုင်သည်။

 

ထိခိုက်သော Products (Affected Products)

      ဤအားနည်းချက်သည် Google Chrome version များတွင်—

-Windows နှင့် Mac အတွက် 146.0.7680.177/178 မတိုင်မီ Version များ

          -Linux အတွက် 146.0.7680.177 မတိုင်မီ Version များကို ထိခိုက်စေနိုင်သည်။

 

အကြံပြုချက်များ (Recommendations)

     Chrome အသုံးပြုသူများသည် Browser ကို နောက်ဆုံး Version သို့ Update လုပ်ရန် အကြံပြုထားသည်။ ထို့အပြင် Automatic Update ကို Enable လုပ်ထားရန်လည်း အကြံပြုထားသည်။ အခြား Chromium-based Browser များ ဖြစ်သော Microsoft EdgeBrave Opera နှင့် Vivaldi ကဲ့သို့ Browser အသုံးပြုသူများအနေဖြင့်လည်း တတ်နိုင်သမျှ Update လုပ်ရန် အကြံပြုထားသည်။