SolarWinds Web Help Desk ၏ အားနည်းချက်များနှင့် စပ်လျဉ်း၍ သတိပေးချက်
SolarWinds သည် ၎င်း၏ SolarWinds Web Help Desk ဆော့ဖ်ဝဲတွင် ပါဝင်နေသည့် အရေးကြီး လုံခြုံရေး အားနည်းချက်များကို ဖြေရှင်းရန် လုံခြုံရေး Update များ ထုတ်ပြန်ထားပါသည်။ အဆိုပါအားနည်းချက်ရှိသည့် ဆော့ဖ်ဝဲလ်ကို အသုံးပြုသူများနှင့် စီမံခန့်ခွဲသူများအား နောက်ဆုံးထွက် ဗားရှင်းသို့ အမြန်ဆုံး Update လုပ်ရန် အကြံပြုအပ်ပါသည်။
SolarWinds Web Help Desk တွင် (CVE-2025-40551, CVE-2025-40552, CVE-2025-40553, CVE-2025-40554) များ တွေ့ရသောကြောင့် လုံခြုံရေး Update များ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ထို အားနည်းချက်များသည် CVSS ၉.၈ ရှိသော Vulnerability ဖြစ်ပါသည်။ အဆိုပါလုံခြုံရေး အားနည်းချက်များသည် SolarWinds Web Help Desk version 12.8.8 HF1 နှင့် ယခင်ဗားရှင်း အဟောင်းများ အားလုံးကို ထိခိုက်စေနိုင်ပါသည်။ သို့ဖြစ်ပါသောကြောင့် အဆိုပါဆော့ဖ်ဝဲများကို အသုံးပြုသူများနှင့် စီမံခန့်ခွဲသူများအနေဖြင့် နောက်ဆုံးထွက် ဗားရှင်းသို့ အမြန်ဆုံး Update လုပ်ရန် အကြံပြုအပ်ပါသည်။
Reference: https://www.csa.gov.sg/alerts-and-advisories/alerts/al-2026-010/
