Viber အသုံးပြုသူများအား ပစ်မှတ်ထားသော Phishing လှုပ်ရှားမှုများနှင့်ပတ်သက်၍ သတိပေးချက်
၁။ ဟက်ကာများသည် Viber Application ၏ Secondary Device ထည့်သွင်းနိုင်သည့် လုပ်ဆောင်ချက်ကို အသုံးချပြီး တိုက်ခိုက်လိုသူထံသို့ အဖျက်အမှောက် Link ကိုပေးပို့ကာ ထို Link ကို နှိပ်မိသူ၏ Viber အကောင့်ကို ပွားယူရရှိပြီး အဆိုပါအကောင့်မှတစ်ဆင့် Viber Group ထဲတွင်ရှိသော Contact များ၏ ဖုန်းနံပါတ်များကို ရယူ၍ ဖုန်းခေါ်ဆိုကာ အဖျက်အမှောက် Link ကို ထပ်မံပေးပို့နေကြောင်း သိရှိရပါသည်။
၂။ အဖျက်အမှောက် Link အား နှိပ်မိသည့် Viber အကောင့်များအနေဖြင့် အောက်ပါအတိုင်း လိုက်နာ ဆောင်ရွက်ရမည် -
(က) Viber အကောင့်၏ Settings à Account à Desktop and Tablets တွင် မိမိ လက်ရှိ သုံးနေသည့် ဖုန်းနှင့် ကွန်ပျူတာမဟုတ်သည့် Device များအား Deactivate ပြုလုပ်ရန်။
( ခ) Viber အား မသမာသူမှ သုံးစွဲခွင့် မရရှိစေရန် Setting à Privacy တွင် 2- Step Verification အသုံးပြုရန်။
( ဂ) မိမိဝင်ရောက်ထားသော Viber Group များတွင် အဆိုပါအဖျက်အမှောက် Link နှင့်ပတ်သက်၍ သတိပေးအကြောင်းကြားရန်။
၃။ အဖျက်အမှောက် Link အား လက်ခံရရှိသည့် Viber အကောင့်များအနေဖြင့် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည် -
(က) သံသယဖြစ်ဖွယ် Link များ လက်ခံရရှိပါက နှိပ်ခြင်းမပြုရန်။
( ခ) ပုံမှန်မဟုတ်သောစာများတွင် တွဲပါလာသော Link များအား မဖွင့်ရန်။
( ဂ) အသိမိတ်ဆွေ၏ ဖုန်းနံပါတ်များမှ Link များ ပေးပို့ပါက မည်သည့်အတွက် ပေးပို့ခြင်း ဖြစ်ကြောင်း ဖုန်းဆက်၍ အတည်ပြုမေးမြန်းရန်။
(ဃ) အသိမိတ်ဆွေမဟုတ်သူများမှ Spam ပါရှိသည့် မက်ဆေ့များပေးပို့ပါက စစ်ဆေးနိုင်ရန် Viber ၏ Setting à Privacy ရှိ Auto Spam Check အား ဖွင့်ထားရန်။
( င) မိမိအား မသက်ဆိုင်သည့် Group များသို့ ထည့်သွင်းခြင်းမပြုလုပ်နိုင်ရန် Control who can add you to groups တွင် My Contact အား ရွေးချယ်ထားရန်။
( စ) Viber Application အား Update ပုံမှန်ပြုလုပ်ရန်။
မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့
