Cheetah နှင့် Kika Tech တို့မှ ရေးသားထားသော APK များနှင့်ပတ်သက်၍ သတိပေးချက်
Playstore တွင်တင်ထားသော Cheetah နှင့် Kika Tech ကုမ္ပဏီများမှ ရေးသားထားသည့် အောက်ပါ APK များသည် ဖုန်းအသုံးပြုသူ၏ ခွင့်ပြုချက်ကို ကျော်လွှား၍ (အသုံးပြုသူမှ ဘာမှ မနှိပ်ဘဲ နောက်ထပ် APK များကို ဖုန်းတွင်တင်၍ ကြော်ငြာများဖြင့် လိမ်လည်ငွေရှာခြင်း) ဒေါ်လာသန်းချီ၍ လိမ်လည်လျှက် ရှိနေပါသဖြင့် မိမိတို့၏ ဖုန်းများမှ ထို APK များကို uninstall ပြုလုပ်ရန် သတိပေးအပ်ပါသည်-
(၁) Clean Master (သုံးစွဲသူပေါင်း ၁ ဘီလီယံ)
(၂) Security Master (သုံးစွဲသူပေါင်း သန်း ၅၄၀)
(၃) CM Launcher 3D (သုံးစွဲသူပေါင်း ၂၂၅ သန်း)
(၄) Battery Doctor (သုံးစွဲသူပေါင်း သန်း ၂၀၀)
(၅) Cheetah Keyboard (သုံးစွဲသူပေါင်း ၁၀၅ သန်း)
(၆) CM Locker (သုံးစွဲသူပေါင်း ၁၀၅ သန်း)
(၇) CM File Manager (သုံးစွဲသူပေါင်း ၆၅ သန်း)
(၈) Kika Keyboard (သုံးစွဲသူပေါင်း ၂၀၅ သန်း။ KiKa မှ ပိုင်ဆိုင်။)
Cheetah နှင့် Kika တို့၏ APK များတွင် 3rd Party APK များပါဝင်ပြီး ဖုန်းအသုံးပြုသူမှ ထို APK များကို install ပြုလုပ်လျှင် 3rd Party APK ရေးသားသူများက အခကြေးငွေ/ဆုကြေး ၅၀ဆင့် မှ ၃ ဒေါ်လာကြား ကို Cheetah နှင့် Kika APK သို့ပေးဆောင်ရပါသည်။
ထိုအခွင့်အကောင်းကို Cheetah နှင့် Kika APK တို့မှ ရယူအသုံးချပြီး ဖုန်းအသုံးပြုသူများမှ 3rd Party APK များကို မတင်လိုသော်လည်း ၎င်းတို့မှ Exploit ပြုလုပ်ကာ နောက်ထပ် APK များကို ဖုန်းအသုံးပြုသူ၏ခွင့်ပြုချက်မရယူဘဲ တင်ပစ်ကာ ဒေါ်လာသန်းချီ၍ ငွေကြေးများ လိမ်လည်လျက် ရှိပါသည်။
သို့ဖြစ်ပါ၍ Cheetah နှင့် Kika တို့၏ APK များသည် ဖုန်းအသုံပြုသူများအား လိမ်လည်လှည့်ဖျားကာ ငွေကြေးများလိမ်လည်ရယူလျှက်ရှိသည့် အဖျက်အမှောင့် APK များဖြစ်သဖြင့် မိမိတို့၏ ဖုန်းတွင် တင်၍ အသုံးပြုခြင်းများရှိပါက အမြန်ဆုံး ဖယ်ရှားပစ်ရန် mmCERT မှ သတိပေးနှိုးဆော်အပ်ပါသည်။
