အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်တွင်း Website များအား ဆိုက်ဘာတိုက်ခိုက်မှုအပေါ် အထူးသတိပေးချက်

          ယနေ့ မတ်လ (၁၉)ရက်နေ့တွင် Cyber 71 အမည်ရသော Hacking Group တစ်ခုမှ မြန်မာ Website များကို Defacement ပြုလုပ်ခြင်း၊ DDOS တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။

111

          သက်ဆိုင်ရာ Website Owner များအနေဖြင့် မိမိတို့၏ CMS စနစ်များ (Drupal၊ Wordpress နှင့် အခြားသော စနစ်များ)ကို အဆင့်မြှင့်တင်ခြင်း၊ Plugin များကို အဆင့်မြှင့်တင်ခြင်း၊ မလိုအပ်သော Plugin များကို Disable ပြုလုပ်ခြင်းများ ပြုလုပ်ထားရန် လိုအပ်ပါသည်။ 

          အလားတူ Adminer (Adminer - Database management in a single PHP file) နှင့် PHPFM (PHP File Manager) အသုံးပြုထားသော Website များအနေဖြင့် ထို 3rd Party Plugin များကို အသုံးမပြုကြပါရန် အထူးသတိပေးအပ်ပါသည်။

          တိုက်ခိုက်ခံထားရသော Website များအနေဖြင့် မိမိတို့၏ စနစ်များအတွင်းတွင် Backdoor များ ရှိ၊ မရှိနှင့် Attacker မှ ချန်ခဲ့သော အခြားသဲလွန်စ ရှိ၊ မရှိ ရှာဖွေရန်နှင့် ဖျက်ပစ်ရန် သတိပေးအပ်ပါသည်။

          DDOS တိုက်ခိုက်မှုများအား ကာကွယ်နိုင်ရန်အတွက် မိမိတို့၏ Firewall များဖြင့် Anti-DDOS Rule များ သတ်မှတ်ခြင်းတို့ကို လုပ်ဆောင်ကြပါရန် သတိပေးအပ်ပါသည်။

          ဆိုက်ဘာတိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားပါက infoteam@mmcert.org.mm သို့ အီးမေးလ်ပေးပို့၍ အကူအညီ တောင်းခံနိုင်ပါသည်။