Google က Chrome Browser ၏ Zero-Day CVE အတွက် Security Update ထုတ်ပြန်

Google အနေဖြင့် Chrome Browser ၏ Zero-Day CVE-2025-10585 ကို ဖြေရှင်းရန်အတွက် Security Update ကို ထုတ်ပြန်လိုက်သည်။ အဆိုပါ CVE သည် V8 JavaScript နှင့် WebAssembly Engine တွင် Confusion Issue တစ်ခုကို ဖြစ်ပေါ်စေနိုင်သော CVE အမျိုးအစားတစ်ခုဖြစ်သည်။ Attacker အနေဖြင့် ဤအားနည်းချက်မှတစ်ဆင့် အဖျက် အမှောင့်ကုဒ်များကို အလုပ်လုပ်စေနိုင်မည်ဖြစ်သည်။
