အဓိကအကြောင်းအရာသို့ သွားမည်
x

"ACID - Combat Evolving Cyber Threats with Good Cyber Hygiene" လေ့ကျင့်ဆောင်ရွက်

          အာဆီယံနိုင်ငံများကြား ဆိုက်ဘာတိုက်ခိုက်မှုဖြစ်စဉ်များ ကိုင်တွယ်ဖြေရှင်းရာတွင် ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်၍ ပိုမိုကြိုတင်ပြင်ဆင်ထားမှု ရှိစေရန်၊ အာဆီယံနိုင်ငံများ၏ အမျိုးသားအဆင့် CERT များ၏ ဆိုက်ဘာတိုက်ခိုက်မှုဖြစ်စဉ် တုံ့ပြန်ခြင်းဆိုင်ရာ အရည်အချင်းများအား စမ်းသပ်နိုင်ရန်အတွက် ဒေသတွင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်သည့် လေ့ကျင့်ခန်းများ ပိုမိုဆောင်ရွက်နိုင်ရန်၊ ဆိုက်ဘာလုံခြုံရေးနယ်ပယ်တွင် Dialogue Partner များနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ရည်ရွယ်၍ (၄-၉-၂၀၁၉)ရက်နေ့တွင် "ACID - Combat Evolving Cyber Threats with Good Cyber Hygiene" အားလေ့ကျင့်ဆောင်ရွက်ကြရာ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ ဝန်ထမ်းများ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

          အဆိုပါလေ့ကျင့်ခန်းတွင် Business Email များ ဖောက်ထွင်းခံရခြင်းမှတဆင့် ငွေကြးလိမ်လည်မှုများကို စုံစမ်းစစ်ဆေးရခြင်းဖြစ်ပြီး ဟက်ကာများ အသုံးပြုသော နည်းလမ်းများနှင့် သဲလွန်စများကို ဖော်ထုတ်ရပြီး ရာဇဝတ်မှုများ ဆက်လက်မကျူးလွန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရခြင်း ဖြစ်ပါသည်။