Emotet Trojan က သင့်အား အန္တရာယ်ရှိသော ခရစ္စမတ်ပါတီသို့ ဖိတ်ကြားခြင်း
အားလပ်ရက်များနှင့် အချိန်ကိုက်ဆိုသလို Emotet trojan ဖြန့်ချီသောအဖွဲ့သည် ခရစ်စမတ် theme များ သုံးထားသည့် အီးမေးလ်များကို စတင်ပေးပို့လိုက်ကြပြီး ၎င်းတို့၏ attachment များက သင့်ကို ဖွင့်ဖတ်အောင် ဆွဲဆောင်ကာ ကူးစက်တိုက်ခိုက်နိုင်လိမ့်မည်ဟု ၎င်းတို့က မျှော်လင့်ပါသည်။ ၎င်းတို့က သင်၏ပုံဆိုးပန်းဆိုး ခရစ်စမတ်ဆွယ်တာကိုပင် ထုတ်ဝတ်စေချင်နေပါသည်။
Emotet အဖွဲ့သားများက spam campaign တစ်ခုကို ထုတ်လွှတ်လိုက်ချိန်တွင် ၎င်းတို့၏ အဓိကရည်မှန်းချက်မှာ လက်ခံရရှိသူအား attach တွဲထားသော အဖျက်အမှောင့် document ဖိုင်အား ဖွင့်ဖတ်စေပြီး Emotet trojan နှင့် အခြားသော အဖျက်အမှောင့်ဆော့ဖ်ဝဲလ်များ ကူးစက်တိုက်ခိုက်ခံရစေရန် ဖြစ်ပါသည်။
ပုံမှန်အားဖြင့် ငွေပေးချေမှုအတွက်ငွေတောင်းခံလွှာများ၊ ငွေလက်ခံဖြတ်ပိုင်းများ၊ ပို့ဆောင်ပေးမည့် အသေးစိတ်အချက်အလက်များ၊ အသံစာနှင့် အီလက်ထရောနစ်ဖက်စ်များစသည့် အကြောင်းအရာများကို အသုံးပြု၍ ပြုလုပ်လေ့ရှိပါသည်။
အရေးပါသောအားလပ်ရက်များအတွင်း Emotet သည် သင့်အား Halloween၊ ကျေးဇူးတော်နေ့နှင့် ယခုခရစ်စမတ်ပွဲများသို့ ဖိတ်ကြားသည့် အားလပ်ရက်နှင့်သက်ဆိုင်သော အီးမေးလ်များကို ပို့ခြင်းဖြင့် ပွဲနှင့်ပတ်သက်သည့်စိတ် ပိုမိုဖြစ်စေပါသည်။
Spam လှုပ်ရှားမှုအသစ်တစ်ခုတွင် Emotet သည် "Christmas party next week" (သို့မဟုတ်) "Christmas party" စသည့် အကြောင်းအရာကို အသုံးပြု၍ ခရစ်စမတ်ပါတီသို့ ဖိတ်ကြားသည့် အီးမေးလ်အယောင်ဆောင်သော spam အီးမေးလ်များ စတင်ပို့လွှတ်သည်ကို အီးမေးလ်လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်သော Cofense Labs က ပထမဆုံး သတိထားမိသည်။
၎င်းဖိတ်ကြားမှုများတွင် သင်ယူဆောင်လာမည့်အရာတစ်ခုခုကို ရွေးချယ်ရန်အတွက် ပူးတွဲပါ မီနူးကိုကြည့်ရှုရန်နှင့် ပါတီပွဲသို့ ပုံဆိုးပန်းဆိုးခရစ်စမတ်ဆွယ်တာ ဝတ်ဆင်လာရန် သင့်အားတောင်းဆိုလိမ့်မည်။
အီးမေးလ်ပါအကြောင်းအရာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
"#HAPPYHOLIDAYS
I have attached the menu for the Christmas Party next week. If you would like bring something, look at the list and let me know.
Don't forget to get your donations in for the money tree.
Also, wear your tackiest/ugliest Christmas sweater to the party."
နောက်ပိုင်း spam အီးမေးလ်များသည် လက်ခံရရှိသူ၏ အားလပ်ရက် အစီအစဉ်ကို ရှာဖွေနေဟန် အယောင်ဆောင်ထားပြီး အီးမေးလ်အကြောင်းအရာများတွင်- Holiday Schedule 2019-2020၊ Our Holiday Schedules၊ Holiday၊ Holiday schedule စသည့်အကြောင်းအရာများကို အသုံးပြုကြသည်။
ဤအီးမေးလ်များနှင့်တွဲ၍ 'Christmas party.doc' နှင့် 'Party menu.doc' ကဲ့သို့ အမည်များဖြင့် အဖျက်အမှောင့် Word document များပါဝင်သည်။
ဤခရစ်စမတ်လှုပ်ရှားမှုအသစ်ကို တွေ့ရှိခဲ့သည့် Microsoft ၏အဆိုအရ အသုံးပြုသူက ပူးတွဲဖိုင်ကိုဖွင့်သည့်အခါ လက်ခံသူက ကြည့်ရှုနိုင်ရန်အတွက် 'Enable Editing' သို့မဟုတ် 'Enable Content' ကိုနှိပ်ရမည်ဟု ပြောပါလိမ့်မည်။
အသုံးပြုသူက 'Enable Content' ကိုဖွင့်ပေးသောအခါ Emotet trojan ကို Windows တွင် install ပြုလုပ်စေမည့် ဖိုင်ထဲတွင်အသင့်ပါလာသော Macros များကို အလုပ်လုပ်စေပါသည်။
Emotet စတင်လိုက်သည်နှင့် နောက်ထပ် Spam များပို့ရန်၊ သင်၏အချက်အလက်များကို ခိုးယူရန်အတွက် TrickBot banking trojan ကိုဒေါင်းလုပ်ဆွဲရန်နှင့် သင့်ကွန်ပျူတာကို အသုံးပြုလိမ့်မည်ဖြစ်ပြီး ransomware တပွေ့တပိုက်ဖြင့် အဆုံးသတ်ရဖွယ် ရှိပါသည်။
အကယ်၍ ခရစ်စမတ်ပါတီသို့ ဖိတ်ကြားသည့် အီးမေးလ်တစ်စောင်ကို သင်လက်ခံရရှိပါက အီးမေးလ်မှာ တွဲထားသည့်ဖိုင်ကို ဖွင့်မကြည့်ခြင်းဖြင့် Emotet ကို (ခရစ်စမတ်လက်ဆောင်များအား ခိုးယူသော) မှင်စာတစ်ကောင် မဖြစ်ပါစေနှင့်။
Lawrence Abrams ၏ "Emotet Trojan is Inviting You To A Malicious Christmas Party" ကို ရည်မွန်ကျော် ဘာသာပြန်ဆိုပါသည်။
ပုံ(၁)
ပုံ(၂)
