အဓိကအကြောင်းအရာသို့ သွားမည်
x

APCERT Online Training တွင် mmCERT/cc က ပို့ချ

          Asia-Pacific Computer Emergency Response Team (APCERT) များအား အွန်လိုင်းသင်ခန်းစာများအား ပို့ချခြင်းအနေဖြင့် mmCERT/cc အနေဖြင့် ယနေ့နံနက် ၀၈၃၀ နာရီမှ ၀၉၃၀ နာရီထိ "Zero Day Malware - Static Analysis" သင်ခန်းစာအား ပို့ချခဲ့ပါသည်။

          APCERT နိုင်ငံများအကြား ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်သော အသိပညာများ ဝေမျှပေးရန်အတွက် ၂ လလျှင်တစ်ကြိမ်ခန့် APCERT နိုင်ငံများမှ CERT များက အလှည့်ကျပို့ချခြင်းဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (mmCERT/cc) အနေဖြင့် ပထမဆုံးအကြိမ် ပို့ချခဲ့ခြင်းဖြစ်ပါသည်။

          ဤသင်ခန်းစာသည် ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုအားနည်းနေသော CERT များကို အဓိကရည်ရွယ်ပြီး အဖျက်အမှောင့်ဆော့ဖ်ဝဲလ်များ၏ ရည်ရွယ်ချက်အား ကုဒ်များကို ခွဲခြမ်းစိစစ်ရန်မလိုဘဲ သိရှိနိုင်စေရန် ရှင်းလင်းတင်ပြခြင်းဖြစ်ပါသည်။

          သင်ခန်းစာတွင် Malware Analysis ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ Malware Analysis အမျိုးအစားများ၊ Static Analysis ပြုလုပ်ပုံအဆင့်ဆင့်၊ PE ဖိုင်များနှင့် Extension များ၊ Key Logger ဖြစ်တန်ဖွယ်ရှိသော Malware တစ်ခုတွင် အသုံးပြုထားသည့် DLL ဖိုင်များနှင့် API များ၊ PE Section များကို စစ်ဆေးခြင်း၊ Binary အားရေးသားထားသည့် ပရိုဂရမ်ဘာသာစကားကို စစ်ဆေးခြင်းနှင့် Resource များကို စစ်ဆေးခြင်းတို့ ပါဝင်ပြီး WannaCry Ransomware ၏ရည်ရွယ်ချက်ကို လက်တွေ့ဖော်ထုတ်ပြသခဲ့ကြောင်း သတင်းရရှိပါသည်။