နည်းပညာတက္ကသိုလ် (တောင်ကြီး)တွင် "Incident Handling and CSIRT Management" သင်တန်းဖွင့်လှစ်
လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်သည့်ဖြစ်စဉ်များအား ကိုင်တွယ်ဖြေရှင်းတတ်စေရန် ရည်ရွယ်၍ "Incident Handling and CSIRT Management" သင်တန်းအား နည်းပညာတက္ကသိုလ်(တောင်ကြီး)၌ ယနေ့ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါသင်တန်းကို (၂-၁၂-၂၀၁၉)ရက်နေ့မှ (၆-၁၂-၂၀၁၉)ရက်နေ့ထိ (၅)ရက်တာ ဖွင့်လှစ်မည်ဖြစ်ပြီး အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရန်နောင်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထိုက်၊ ဦးစီးအရာရှိ ဒေါ်လဝန်းရည်နှင့် ဒေါ်ရွှေဝတ်ရည်တို့က သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။
သင်တန်းတွင် Module (၅)ခုအား သင်ကြားပို့ချမည်ဖြစ်ပြီး Module (1) - Advanced Persistent Threats၊ Module (2) - Incident Handling Process၊ Module (3) - Tools Explanation၊ Module 4 - Hands-on Exercise နှင့် Module (5) - CSIRT Management တို့ဖြစ်ကြပါသည်။
အဆိုပါသင်တန်းကို နည်းပညာတက္ကသိုလ်(တောင်ကြီး)မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ(၃၂)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
