အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယအကြိမ်မြောက် Incident Handling – Intrusion Detection သင်တန်းဖွင့်ပွဲ ကျင်းပ

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Incident Handling – Intrusion Detection သင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်းကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းအထောက်အကူပြုတာဝန်ခံများနှင့် ပြည်ထောင်စု ဝန်ကြီးဌာန/ ဗဟိုအစိုးရ အဖွဲ့အစည်း ၂၇ ခုမှ သင်တန်းသား/သင်တန်းသူစုစုပေါင်း ၂၈ ဦး တက်ရောက်ခဲ့ပါသည်။

          ရှေးဦးစွာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းက ယနေ့ခေတ်တွင် အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အဦများကို ပစ်မှတ်ထားသော ဆိုက်ဘာတိုက်ခိုက်မှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန် နည်းပညာမြင့် စက်ပစ္စည်းများရှိရုံဖြင့် မလုံလောက်ဘဲ နိုင်ငံဝန်ထမ်းများ၏ ဆိုက်ဘာလုံခြုံရေး အသိအမြင် ကြွယ်ဝမှုနှင့် ဆိုက်ဘာတိုက်ခိုက်မှုများကို ကာကွယ်လျှော့ချနိုင်မည့် လုပ်ငန်းစဉ်များ ပေါင်းစပ်ထားသော "People၊ Process၊ Technology" ပြည့်စုံရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများကို လုပ်ငန်းဆိုင်ရာ အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများ တိုးပွားသည်ထက် တိုးပွားစေရန်၊ စီမံခန့်ခွဲမှုပညာရပ်များသာမက ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်သည့် ဆိုက်ဘာတိုက်ခိုက်မှုများကိုပါ ကာကွယ်လျှော့ချနိုင်မည့် လုပ်ငန်းစဉ်တွင် အထောက်အကူ ပြုနိုင်စေရန် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          Incident Handling – Intrusion Detection သင်တန်းကာလမှာ ၂၅-၇-၂၀၂၂ ရက်နေ့မှ ၂၉-၇-၂၀၂၂ ရက်နေ့အထိဖြစ်ပြီး e-Learning Center၊ စာသင်ခန်းမတွင် ပို့ချမည်ဖြစ်ပြီး အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ နည်းပြများက သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။