အဓိကအကြောင်းအရာသို့ သွားမည်
x

Apache Tomcat တွင်ဖြစ်ပေါ်နေသော Denial of Service Vulnerability

Apache Tomcat တွင်ဖြစ်ပေါ်နေသော Denial of Service Vulnerability နှင့်ပတ်သက်၍ အားနည်းချက်နှင့် ဖြေရှင်းနည်းများအား၂ဝ၁၃ ခုနှစ် ဇွန်လ (၂၁) ရက် နေ့တွင် SecurityFocus မှ ထုတ်ပြန်အသိပေးခဲ့ပါသည်။ ၄င်း အားနည်းချက်သည် Apache Software Foundation Tomcat 6.0.30 မှ Apache Software Foundation Tomcat 7.0.23 အထိ Version ပေါင်း (60) ကျော် နှင့် Red Hat Fedora 16 ၊ Red Hat Enterprise Linux Workstation 6 ၊ Red Hat Enterprise Linux Server 6 ၊ Red Hat Enterprise Linux HPC Node 6 ၊ Red Hat Enterprise Linux Desktop 6 ၊ Oracle Enterprise Linux 6.2 ၊ Oracle Enterprise Linux 6 ၊ HP-UX B.11.31 ၊ HP-UX B.11.23 နှင့် CentOS 6 စသော Linux OS များ၏ Apache Tomcat Versions များတွင်ပါ အားနည်းချက်အနေဖြင့် ရှိနေနိုင်ကြောင်းသိရှိရပါသည်။ အသေးစိတ် ရှင်းလင်းချက်များနှင့် ဖြေရှင်းရန် နည်းလမ်းများကို အောက်ပါ Link တွင် ကြည့်ရှု့နိုင်ပါသည်။

http://www.securityfocus.com/bid/56813/info