အဓိကအကြောင်းအရာသို့ သွားမည်
x

ကမ္ဘာ့ အကြီးဆုံးဘဏ်တခုဖြစ်သော JPMorgan Chase သည်မကြာသေးမီက prepaid cash cards users များ၏ အချက်အလက်များ ပေါက်ကြား

ကမ္ဘာ့ အကြီးဆုံးဘဏ်တခုဖြစ်သော JPMorgan Chase သည်မကြာသေးမီက prepaid cash cards users များ၏ အချက်အလက်များ ပေါက်ကြားသွားကြောင်း ထုတ်ပြန်ခဲ့သည်။ ၄င်း၏ website www.ucard.chase.com တိုက်ခိုက်ခံခဲ့ ရပြီး users ပေါင်း 465,000 ၏ အချက်အလက်များ ပေါက်ကြားခဲ့ခြင်းဖြစ်ကာ ၄င်းအရေအတွက်မှာ card users 25 သန်း ၏ 2 ရာခိုင်နှုန်း ဖြစ်သည်။ ၄င်းတို့အားတိုက်ခိုက်ခဲ့သော hacker အားစုံစမ်း နေဆဲဖြစ်ကြောင်း ယခုတိုက်ခိုက်ခံရမှုတွင် users များ၏ ငွေများခိုယူခံရခြင်းမရှိကြောင်းသိရှိရသည်။ အသေးစိတ်အချက်အလက်များကိုအောက်ပါ link တွင်ကြည့်ရှုနိုင်သည်။
http://thehackernews.com/2013/12/JPMorgan-Chase-bank-card-hacked_5.html