Media Player တစ်မျိုးဖြစ်သော "Real Player software" ၏ Module တစ်ခု တွင် Buffer Overflow Vulnerability ဖြစ်ပေါ်နေ
Media Player တစ်မျိုးဖြစ်သော "Real Player software" ၏ Module တစ်ခု တွင် Buffer Overflow Vulnerability
ဖြစ်ပေါ်နေကြောင်း Ricardo Narvaja ( Core Security ) မှ ထုတ်ပြန် သတိပေးခဲ့ပါသည်။ အားနည်းချက်ဖြစ်ပေါ်နေသော Module မှာ "tdwnmgr.dll" module ဖြစ်ပြီး ".RMP" Files များကို handle လုပ်ချိန်တွင် Buffer Overflow အားနည်းချက် ဖြစ်ပေါ်နေခြင်းဖြစ်ပါသည်။ ၄င်းအားနည်းချက်ရှိသည့် Version များမှာ Version 17.0.2.206 နှင့် ၄င်းထက်နိမ့်သော Version များဖြစ်ပြီး Latest Version ကို Update ပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်ကြောင်း ထုတ်ပြန်ထားပါသည်။ အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှု့နိုင်ပါသည်။
https://secunia.com/advisories/56219/
