Windows, Mac, and Linux တို့တွင်အသုံးပြုသည့် Browser တစ်ခုဖြစ်သော Mozilla Firefox တွင် Vulnerabilities များစွာရှိနေ
Windows, Mac, and Linux တို့တွင်အသုံးပြုသည့် Browser တစ်ခုဖြစ်သော Mozilla Firefox တွင် Vulnerabilities များစွာရှိနေကြောင်းကို (၁၇.၁၁.၂ဝ၁၇) ရက်နေ့တွင် Security Focus မှ ထုတ်ပြန်ခဲ့ပါသည်။ Attacker များသည် ၄င်းအားနည်းချက်များကို အသုံးပြု၍ exploit ပြုလုပ်ပြီးအရေကြီးသော အချက်အလက်များကို ရယူသွားနိုင်သည့်အထိလုပ်ဆောင်ခြင်း ၊ လုံခြုံရေးပိုင်းဆိုင်ရာ ကန့်သတ်ချက်များဖြတ်၍ Unauthorized Actions များကိုလုပ်ဆောင်ခြင်း စသည်တို့ကို လုပ်ဆောင်သွားနိုင်ပါသည်။ ထို့ပြင် exploit လုပ်၍ မအောင်ခဲ့ပါရင်တောင် Denial of Service ဖြစ်အောင် ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ Firefox 57 တွင် ၄င်းအားနည်းချက်ကို ဖြေရှင်ပြီးဖြစ်သောကြောင်း ထို Version ကို Update လုပ်၍ အသုံးပြုသင့်ပါသည်။ အသေးစိတ်ကို အောက်ပါ Link တွင်ကြည့်ရှုနိုင်ပါသည်။
