Digital Myanmar Forum and Exhibition တွင် Cyber Security Quiz and Demonstration ပြခန်း ပါဝင်ပြသ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံဆိုက်ဘာစီးတီး၌ ၂၇-၂-၂၀၂၆ ရက်နေ့မှ ၂၈-၂-၂၀၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော Digital Myanmar Forum and Exhibition တွင် သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနအနေဖြင့် Cyber Security Quiz and Demonstration ပြခန်းအား ပါဝင်ပြသခဲ့ပါသည်။ အဆိုပါ ပြခန်းအား အများပြည်သူအကြား ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်သော အခြေခံဗဟုသုတများ တိုးပွား လာစေရန်၊ ဆိုက်ဘာခြိမ်းခြောက်မှုခံရပါက အခြေခံဖြေရှင်းရမည့် နည်းလမ်းများကို သိရှိ နိုင်စေရန်နှင့် ဆိုက်ဘာလုံခြုံရေး အသိပညာတိုးပွားလာခြင်းမှတစ်ဆင့် ဆိုက်ဘာခံနိုင်ရည် ရှိမှုကို မြှင့်တင်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြသခဲ့ခြင်း ဖြစ်ပါသည်။


