Capture-the-Flag (CTF) Open ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ခြင်း
၁။ အာဆီယံ-ဂျပန်ဆိုက်ဘာလုံခြုံရေးဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေးစင်တာ (AJCCBC)က ကြီးမှူးကာ Capture-the-Flag (CTF) Open ပြိုင်ပွဲအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့တွင် ထိုင်းစံတော်ချိန်(GMT+7) နံနက် ၈ နာရီ မှ ညနေ ၅နာရီ အတွင်း အွန်လိုင်းမှတစ်ဆင့် ကျင်းပသွားမည်ဖြစ်သည်။
၂။ ပြိုင်ပွဲအား Jeopardy ပုံစံဖြင့် ကျင်းပသွားမည်ဖြစ်ပြီး Binary Exploitation, Forensics, Web Security, Reverse Engineering, Cryptography, Hardware, Windows Blue Team နှင့် Miscellaneous topics (including AI and Cloud Security) ဆိုင်ရာ ပုစ္ဆာများပါဝင်မည် ဖြစ်ပါသည်။ ပြိုင်ပွဲတွင် ထူးချွန်သူများကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်သွားမည့် နိုင်ငံတကာဆိုက်ဘာလုံခြုံရေးပြိုင်ပွဲ (ICC)2025 သို့ “Team ASEAN” အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရွေးချယ်သွားမည်ဖြစ်ပါသည်။
၃။ ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် တစ်ဦးချင်း ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်ပါသည် -
(က) အာဆီယံအဖွဲ့ဝင်နိုင်ငံသားဖြစ်ရမည်။
(ခ) ၁-၁-၁၉၉၉ နောက်ပိုင်းမွေးဖွားသူ သို့မဟုတ် အသက် ၂၇ နှစ် မကျော်လွန်သူ ကျောင်းသား/ကျောင်းသူနှင့် ဆိုက်ဘာလုံခြုံရေးကို စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပြီး
ဆိုက်ဘာလုံခြုံရေးနှင့် ဆိုက်ဘာတိုက်ခိုက်မှု တုံ့ပြန်ဆောင်ရွက်သည့် နည်းပညာအခြေခံကို သိရှိရမည်ဖြစ်သည်။
(ဂ) အင်တာနက်ရရှိနိုင်သည့် PC သို့မဟုတ် Laptop ရှိကာ Microsoft Team သို့မဟုတ် Zoom ကို ထည့်သွင်းထားရမည် ဖြစ်သည်။
၄။ Capture-the-Flag (CTF) Open သို့ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ၃၀-၇-၂၀၂၅ ရက်နေ့နောက်ဆုံးထား၍ https://dg.th/g4ud29ncx8 တွင် Registration ပြုလုပ်နိုင်ပါကြောင်း သတင်းရရှိပါသည်။
