အဓိကအကြောင်းအရာသို့ သွားမည်
x

Capture-the-Flag (CTF) for Female Youth ပြိုင်ပွဲ ဖိတ်ကြားလာခြင်းအား အသိပေးကြေညာခြင်း

CTFFemaleYouthfinal

ထိုင်းနိုင်ငံအမျိုးသားဆိုက်ဘာခြုံရေးအေဂျင်စီ (NCSA)နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့ ပူးပေါင်းအကောင်အထည်ဖော်ထားသည့် အာဆီယံ-ဂျပန်ဆိုက်ဘာလုံခြုံရေးဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေးစင်တာ (AJCCBC) အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တီမောလက်စတေးနိုင်ငံတို့မှ လူငယ်အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်နိုင်ရန်ရည်ရွယ်၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ Capture-the-Flag (CTF) ပြိုင်ပွဲအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ NCSA မှ ဖိတ်ကြားလာပါသည်။ အဆိုပါပြိုင်ပွဲအား ထိုင်းနိုင်ငံ၊ AJCCBC နှင့် ဆွစ်ဇာလန်နိုင်ငံအစိုးရတို့က ပူးပေါင်းကျင်းပခြင်းဖြစ်ပါသည်။

 

ယခုပြိုင်ပွဲတွင် ထူးချွန်သူများအနေဖြင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလလယ်တွင် ကျင်းပပြုလုပ်သွားမည့် နိုင်ငံတကာ CTF ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ် ပြိုင်နိုင်သည့် အခွင့်အရေး ရရှိနိုင်မည်ဖြစ်ပါသည်။ ပြိုင်ပွဲသို့တစ်ဦးချင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ၁၆-၇-၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ ဖော်ပြပါ Link https://dg.th/49ek2y8ur7 တွင် Registration ပြုလုပ်ရမည် ဖြစ်ပါသည်။ ပြိုင်ပွဲသတ်မှတ်ချက်များအနေဖြင့် ပါဝင်ယှဉ်ပြိုင်မည့်သူသည် ၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့နောက်ပိုင်း မွေးဖွားသည့် လူငယ်အမျိုးသမီး (ကျောင်းသူ/ဆိုက်ဘာဝါသနာရှင်) ဖြစ်ရမည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခု၏ နိုင်ငံသားဖြစ်ရပါမည်။ ပြိုင်ပွဲတွင် ဆိုက်ဘာလုံခြုံရေးနယ်ပယ်များဖြစ်သော Network Cryptography Reverse Engineering Programming နှင့် Miscellaneous ဆိုင်ရာပုစ္ဆာများ ပါဝင်နိုင်ပါသည်။

Download General Information of CTF for Female Youth