Myanmar Cyber Security Challenge 2024 ပြိုင်ပွဲဝင်များအား အသိပေးချက်
၁။ Myanmar Cyber Security Challenge 2024 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ၁၅-၈-၂၀၂၄ ရက်နေ့ထိ စာရင်းပေးသွင်းခဲ့ကြသော ပြိုင်ပွဲဝင်အသင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) mm_cyb3r_ s4g3
( ခ ) Techno Stars
( ဂ ) ShieldX
(ဃ) 3GIRL$
( င ) Cookies
( စ ) t34m_7
(ဆ) Cyber Sentinels
( ဇ ) U_SH3LL
(ဈ) Sh3LL_Sh0ck
(ည) Cyber Pyan
( ဋ ) Br33ze_C0de
( ဌ ) Sniff_B00M_ Cr3w
( ဍ ) Synergy N3us
( ဎ ) Team Marvelous
(ဏ) Team MG5
(တ) Team Metero
(ထ) Zippy Trio
( ဒ ) Triple Shot
( ဓ ) Team - WAH
( န ) The Rookies
( ပ ) Dream Weavers
( ဖ ) Netninjas
( ဗ ) Cryptoknights
(ဘ) Unique
( မ ) C0de F3llas
(ယ) Team TRI0
( ရ ) Titan
(လ) Cyber_ICONIC
( ဝ ) Team Synergy
(သ) Fo'Fiv3
(ဟ) GLADIATOR
၂။ စာရင်းပေးသွင်းခဲ့ကြသည့် ပြိုင်ပွဲဝင်အသင်းအရေအတွက်မှာ ၂၅ သင်း ကျော်လွန်ခဲ့သည့်အတွက် ပြိုင်ပွဲစည်းကမ်းချက်အရ ၂၄-၈-၂၀၂၄ ရက် (စနေနေ့)တွင် ကျင်းပမည့် နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် ၂၅ သင်းကိုသာ ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်သည့်အတွက် ပြိုင်ပွဲဝင်အသင်းများသည် ၁၇-၈-၂၀၂၄ ရက် (စနေနေ့)တွင် နံနက် ၉ နာရီမှ ၁၁ နာရီထိ အွန်လိုင်း၌ လက်ရည်စစ်ပွဲကို ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ လက်ရည်စစ်ပွဲတွင် Web Security၊ Reverse Engineering၊ Forensics နှင့် Crypto ဆိုင်ရာ မေးခွန်းအချို့ကို ဖြေဆိုရမည်ဖြစ်ပြီး လက်ရည်စစ်ပွဲ အောင်မြင်သော အသင်း ၂၅ သင်းသည် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်ပါသည်။
၃။ အွန်လိုင်း၌ လက်ရည်စစ်ပွဲ ယှဉ်ပြိုင်ရန်အတွက် လိုအပ်သော User Name နှင့် Password များကို အီးမေးလ်မှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ပါသည်။ လက်ရည်စစ်ပွဲဖြေဆိုရန် အတွက် Website Link မှာ https://www.mcsc2024.live ဖြစ်ပါသည်။ မိမိတို့၏ User Name နှင့် Password မှန်ကန်မှု ရှိ၊ မရှိ ကြိုတင်ဝင်ရောက်၍ စစ်ဆေးထားရန် လိုအပ်ပါသည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသည့်အသင်းများကို ၁၈-၈-၂၀၂၄ ရက် (တနင်္ဂနွေနေ့) တွင် ကြေညာသွားမည်ဖြစ်ပြီး တည်းခိုမှုနှင့် အုပ်ချုပ်မှုကိစ္စရပ်များအတွက် အသင်းခေါင်းဆောင်များထံ ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၄။ MCSC2024 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့၏ Laptop ကွန်ပျူတာများကိုသာ အသုံးပြုရမည်ဖြစ်ပြီး အဆိုပါ ကွန်ပျူတာများတွင် Kali Linux၊ SIFT Workstation၊ Windows 7 (64-bit) VM များကဲ့သို့သော မိမိဖြေဆိုရမည့် မေးခွန်းများနှင့် သက်ဆိုင်သော Virtual Machine များ၊ လိုအပ်သော Tool များကို ကြိုတင် Install ပြုလုပ်ထားရမည်ဖြစ်ပါသည်။ ပြိုင်ပွဲတွင် အင်တာနက်ကို အသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး Google Search Engine မှတစ်ဆင့်လည်း လိုအပ်သော သဲလွန်စများကို ရှာဖွေနိုင်ပါသည်။ (MacBook အသုံးပြုသူများအနေဖြင့် USB to RJ45 Adapter များ ကြိုတင်ယူဆောင်လာရပါမည်။)
၅။ ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့၏ ဖုန်းနံပါတ်ဖြစ်သော ၀၆၇-၃၄၂၂၂၇၂ သို့ဖြစ်စေ၊ ctf@ncsc.gov.mm သို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ပြိုင်ပွဲကျင်းပရေးကော်မတီ