“Capture-the-Flag(CTF) for the ASEAN Member States (AMS)” ပြိုင်ပွဲအား Online စနစ်ဖြင့် ကျင်းပသွားမည်
၁။ အာဆီယံ-ဂျပန် ဆိုက်ဘာလုံခြုံရေးစွမ်းရည်မြှင့် တင်မှုစင်တာ (AJCCBC)၊ ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ငံခြားရေးဌာနနှင့် ဆိုက်ဘာတိုက်ခိုက်မှုတုံ့ပြန်ရေးနှင့် လုံခြုံရေးအဖွဲ့ဖိုရမ် (FIRST)တို့မှ ကြီးမှူးကျင်းပမည့် “Capture-the-Flag(CTF) for the ASEAN Member States (AMS)” ပထမအကြိမ် ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပမည်ဖြစ်ပါသည်။
၂။ ပြိုင်ပွဲတွင် အာဆီယံနိုင်ငံအသီးသီးမှ အသက် ၂၆ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆိုက်ဘာလုံခြုံရေးဝါသနာရှင်များ တစ်နိုင်ငံလျှင် ၃၀ ဦးစီ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ Network ၊ Cryptography ၊ Reverse Engineering ၊ Programming နှင့် အထွေထွေဉာဏ်စမ်းပုစ္ဆာများကို တစ်ဦးချင်းအလိုက် သတ်မှတ်အချိန်အတွင်း ဖြေဆိုရမည်ဖြစ်ပြီး အမှတ်အများဆုံး ၁၀ ဦးအား Certificate ပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်လျှောက်လွှာများကို ၁၅-၇-၂၀၂၄ ရက်နေ့ နောက်ဆုံးထား၍ အောက်ပါ Link တွင် မှတ်ပုံတင်သွင်းရမည် ဖြစ်ပါသည်-
https://forms.office.com/r/TaXfXfqEbe
၃။ ပြိုင်ပွဲနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို Attachment ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။