STOP Ransomware နှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများ
ယခုအခါတွင် မြန်မာနိုင်ငံတွင် STOP Rans0mware မျိုးဆက်များ၏ တိုက်ခိုက်မှုများ မကြာခဏ တိုက်ခိုက်ခံနေရပါသည်။
STOP Rans0mware တိုက်ခိုက်ခံရသော ကွန်ပျူတာများ၌ ဖိုင်များသည် .djvu၊ .udjvu၊ .tro၊ .rumba စသဖြင့် ဖိုင်၏ extension များ ပြောင်းလဲသွားနိုင်ပါသည်။
မိမိတိုက်ခိုက်ခံရသော rans0mware အမျိုးအစားကို စိစစ်နိုင်ရန် အောက်ပါလင့်တွင် encrypted လုပ်ခြင်းခံရသောဖိုင်ကို တင်၍ စစ်ဆေးနိုင်ပါသည်။
ပုံ(၁) - https://id-ransomware.malwarehunterteam.com/
STOP Rans0mware တိုက်ခိုက်ခံရခြင်းမှာ Windows/Software များ၏ crack များကို မစူးစမ်းမဆင်ခြင်ဘဲ download လုပ်ကာ install လုပ်ခြင်းမှ ဖြစ်ပါသည်။
ပုံ(၂) - နမူနာ Fake Windows Activator
STOP Rans0mware တိုက်ခိုက်ခံရပါက ပုံ(၃)တွင် မြင်ရသည့်အတိုင်း Task Scheduler တွင် Time Trigger Task ဆိုသည့် Task တစ်ခု ရောက်ရှိနေပါလိမ့်မည်။
Rans0mware တိုက်ခိုက်ခံရပါက လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို အောက်ပါ link တွင် ရှင်းပြခဲ့ပြီး ဖြစ်ပါသည်-
https://www.facebook.com/mmcert.team/posts/2468256739855643
STOP Rans0mware သည် ဖိုင်များကို ဖျက်ပစ်ခြင်း မဟုတ်သည့်အတွက် recovery လုပ်၍ မရနိုင်ပါ။ သို့သော် STOP Rans0mware ၏ အားနည်းချက်မှာ ဖိုင်တစ်ခုလုံးကို encrypt လုပ်ခြင်းမဟုတ်ဘဲ ဒေတာအချို့ကိုသာ encrypt လုပ်ခြင်းဖြစ်သည့်အတွက် .pdf ဖိုင်များကို အကောင်းအတိုင်းပြန်လည်ရရှိစေရန် PDF Repair Tool များ အသုံးပြု၍ လည်းကောင်း၊ အခြားသောဖိုင်များအတွက်လည်း သက်ဆိုင်ရာ repair tool များအသုံးပြု၍လည်းကောင်း ဖိုင်များကို ပြန်လည်ရရှိနိုင်ပါကြောင်း အသိပေးအပ်ပါသည်။