အဓိကအကြောင်းအရာသို့ သွားမည်
x

Microsoft မှ Microsoft Security Bulletin Summary for June 2013

Microsoft မှ Microsoft Security Bulletin Summary for June 2013 ကို ဇွန်လ (၁၁) ရက် ၂ဝ၁၃ ခုနှစ် တွင် ထုတ်ပြန်ခဲ့ပါသည်။ထို Security Bulletin Summary ၌ Internet Explorer တွင် ဖြစ်ပေါ်နေသော Vulnerabilities များကို ဖြေရှင်းပေးထားသည့် Security Update ကိုထုတ်ပြန်ပေးထားပါသည်။ ၄င်း Vulnerabilities များသည် user မှ Internet Explorer ကိုသုံးပြီး crafted webpage များကို ဝင်ကြည့်မိပါက remote code e×ecution ကို ခွင့်ပြုပေးပါသည်။ ထိုအချိန်တွင် attacker များသည် user အသုံးပြုသော စက်၏ user permission ကို ရရှိုပြီး successfully exploited ဖြစ်နိုင်ပါသည်။ အကယ်၍ user အသုံးပြုသော စက်၏ user permission သည် administrator permission ဖြစ်နေပါက ပို၍ ထိခိုက်မှုရှိစေပါသည်။ သင့် computer ၏ "Control Panel" မှ "Window Update" ကို ရွေး၍ "Check for Update" ကို နှိပ်ပြီး "Security Update" များကို ရယူ၍သော်လည်းကောင်း၊ "Control Panel" မှ "Window Update" ကို ရွေး၍ "Change Setting" ကိုနှိပ်ပြီး "Install Updates Automatically" ကိုရွေးချယ်ခြင်းဖြင့် Microsoft ၏ "Security Updates" များကို အလိုအလျောက် ရယူနိုင်ပါသည်။ အသေးစိတ်ကို အောက်ပါ Link တွင် လေ့လာ နိုင်ပါသည်။

http://technet.microsoft.com/en-us/security/bulletin/ms13-jun