Myanmar Cyber Security Challenge 2026 ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများ ဖိတ်ခေါ်ခြင်း
မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာစေရန်နှင့် လူငယ်များ ဆိုက်ဘာလုံခြုံရေးနယ်ပယ်ကို စိတ်ဝင်စားမှု မြင့်မားလာစေရန် ရည်ရွယ်၍ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကာ Myanmar Cyber Security Challenge ပြိုင်ပွဲအား ၂၀၁၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပ လျက်ရှိပါသည်။ ယခုနှစ်အတွက် Myanmar Cyber Security Challenge 2026 ပြိုင်ပွဲကို ၂၂-၈-၂၀၂၆ ရက်နေ့တွင် နေပြည်တော်ရှိ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၂ ၌ ကျင်းပသွားမည်ဖြစ်ပါသည်။
ပြိုင်ပွဲတွင် အသင်းပေါင်း ၂၅ သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အသင်း ၂၅ သင်းကျော်လွန်ပါက ပြိုင်ပွဲကျင်းပရေးကော်မတီမှ ပြန်လည်စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး စိစစ်ရွေးချယ်ထားသည့် ၂၅ သင်းသာ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်ပါသည်။ ပြိုင်ပွဲတွင် Web Security ၊ Reverse Engineering၊ Binary Exploit၊ Forensics နှင့် Cryptography ဆိုင်ရာ ပုစ္ဆာများကို ဖြေဆိုရမည်ဖြစ်ပါသည်။
ပြိုင်ပွဲဝင်လျှောက်လွှာများကို ၂၄-၇-၂၀၂၆ ရက်နေ့ ၁၆:၀၀ နာရီထက် နောက်မကျစေဘဲ mcsc@mmcert.org.mm သို့ အီးမေးလ်ပေးပို့ရမည်ဖြစ်ပြီး https://forms.gle/ynpAH1BXkXBB58Vo7 တွင်လည်း Registration ပြုလုပ်ရမည် ဖြစ်ပါသည်။ ထို့ပြင် ပြိုင်ပွဲဝင် လျှောက်လွှာရောက်ရှိမှု အခြေအနေအား ဖုန်းနံပါတ် ၀၆၇-၃၄၂၂၂၇၂ သို့ ဆက်သွယ် အတည်ပြုရပါမည်။ ပြိုင်ပွဲအကြောင်း အသေးစိတ် သိရှိလိုပါက အဆိုပါ ဖုန်းနံပါတ်သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
