အဓိကအကြောင်းအရာသို့ သွားမည်
x

ASEAN GeoAI FUSION 2026 ပြိုင်ပွဲသို့ ပါဝင်နိုင်ရန် ဖိတ်ခေါ်ခြင်း

               

             

             ADGSOM-ATRC 2026 လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် Malaysian Communications and Multimedia Commission (MCMC) မှ ဦးစီး၍ ကျင်းပမည့် "ASEAN GeoAI FUSION 2026"တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အသက် ၁၈ နှစ် အထက်ရှိ လူငယ်ကျောင်းသားများနှင့် ပညာရှင်များ အားလုံး ပါဝင်နိုင်ပါသည်။

                ပါဝင်ယှဉ်ပြိုင်ရာတွင် အသင်းတစ်သင်းလျှင် အဖွဲ့ဝင် ၃ ဦးစီရှိရမည် ဖြစ်ပြီး အဖွဲ့ဝင်များ သည် နိုင်ငံတစ်ခုတည်းကိုသာ ကိုယ်စားပြုရပါမည်။ ပြိုင်ပွဲဝင်များအတွက် အစီအစဉ်အနေဖြင့် အောက်ပါအတိုင်း အဆင့် ၄ ဆင့် ပါဝင်သွားမည် ဖြစ်ပါသည်-

               (က) BOOTCAMP 1 (ဇူလိုင်လ ၇ ရက်မှ ၉ ရက်နေ့အထိ)၊

               (ခ)   BOOTCAMP 2 (ဇူလိုင်လ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ)၊

               (ဂ)   Virtual Hackathon (ဩဂုတ်လ ၁၂ ရက်မှ ၁၃ ရက်နေ့အထိ)၊

               (ဃ) Physical Hackathon (စက်တင်ဘာ ၁၉ ရက်မှ ၂၂ ရက်နေ့အထိ)။

               Virtual Hackathon အထိ ပါဝင်သူများအားလုံးအား အသိအမှတ်ပြုမှတ်တမ်းလွှာ ပေးအပ်မည် ဖြစ်ပြီး ဆုရရှိသူများကို အောက်ပါအတိုင်း ဆုချီးမြှင့်သွားမည် ဖြစ်ပါသည်-

               (က) ပထမဆု (အမေရိကန်ဒေါ်လာ ၅,၀၀၀) ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ၊

               (ခ)   ဒုတိယဆု(အမေရိကန်ဒေါ်လာ ၃,၀၀၀) ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ၊

               (ဂ)   တတိယဆု(အမေရိကန်ဒေါ်လာ ၂,၀၀၀) ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ၊

               (ဃ) နှစ်သိမ့်ဆု ၂ ဆု (အမေရိကန်ဒေါ်လာ ၁,၀၀၀) နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။

               ပြိုင်ပွဲဝင်စာရင်းသွင်းခြင်းကို ၁၅-၆-၂၀၂၆ ရက်နေ့ နောက်ဆုံးထားပြီး https://agaif.mcmc.gov.my တွင် “Apply to Participate” ကိုနှိပ်၍ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်ပြီး Registration ပြုလုပ်ပြီးပါက infoteam@mmcert.org.mm ထံသို့လည်း Email ပေးပို့ အကြောင်းကြားပေးရပါမည်။ ပြိုင်ပွဲနှင့်ပတ်သက်၍ ထပ်မံသိရှိလိုပါက agaif@mcmc.gov.my သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။