ASEAN Cyber Shield MSc Cyber Security Scholarship လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာခြင်း
၁။ ဘရူနိုင်းနိုင်ငံ၊ Universiti Teknologi Brunei နှင့် ကိုရီးယားနိုင်ငံ၊ Korea Internet and Security Agency (KISA) တို့ ပူးပေါင်းဖွင့်လှစ်မည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ASEAN Cyber Shield MSc Cyber Security Scholarship မဟာဘွဲ့သင်တန်းကို မြန်မာနိုင်ငံမှ ပညာတော်သင်အဖြစ် လျှောက်ထားနိုင်ပါသည်။
၂။ ပညာတော်သင်လျှောက်ထားလိုသူများသည် အသက် ၃၅ နှစ် မကျော်လွန်သူဖြစ်ရမည်။ အင်္ဂလိပ်စာကျွမ်းကျင်မှုမှာ GCE ‘O’ Level (သို့မဟုတ်) IGCSE Grade ‘B’ (သို့မဟုတ်) IELTS Score 6.0 (သို့မဟုတ်) TOFEL အမှတ် 550 ရှိရမည်။
၃။ သင်တန်းအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် စတင်မည်ဖြစ်ပြီး တစ်နှစ်သင်တန်း ဖြစ်ပါသည်။ သင်ကြားမည့်ဘာသာရပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) CU5237 - Computer Research Methodology
( ခ) CN5213 - Cybercrime and Sociotechnical Risks
( ဂ) CN5208 - Network Security and Cryptography
(ဃ) CN5207 - Security Architecture
( င) CN5209 - Information Security Policies and Management
( စ) CN5206 - Cyber Physical Protection
(ဆ) CN5212 - Digital Forensics Lab
( ဇ) CI5208 - Master Research Project
၄။ ပရိုဂရမ်နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်ကို အောက်ပါ Link တွင် ဖတ်ရှုနိုင်ပါသည်။
၅။ လျှောက်ထားသူများသည် https://apply.utb.edu.bn မှတစ်ဆင့် လျှောက်ထားနိုင်ပြီး သိရှိလိုသည်များကို mcsc.admission@utb.edu.bn သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
၆။ လျှောက်လွှာပုံစံ ပိတ်ရက်မှာ ၁၈-၅-၂၀၂၄ ရက်နေ့ ဖြစ်ပါသည်။
