Skip to main content
x

Coronavirus Phishing Scam များနှင့်ပတ်သက်၍ သတိပေးချက်

          ပြီးခဲ့သည့် ကြာသပတေးနေ့တွင် Coronavirus ကူးစက်မှုများပျံ့နှံ့လာသည်နှင့်အမျှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ရောဂါဖြစ်ပွားမှုကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ခဲ့ပါသည်။

          ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Mimecast က ရှာဖွေတွေ့ရှိထားသည့် “Singapore Specialist: Corona Virus Safety Measure” အမည်ဖြင့် အီးမေးလ်တစ်စောင်တွင် အဖျက်အမှောက်လုပ်ဆောင်ချက်များပါသော Link များနှင့် PDF ဖိုင်များပါရှိပြီး Wuhan coronavirus ကူးစက်ခြင်းမှ မိမိကိုယ်ကို မည်သို့ကာကွယ်ရမည်ဆိုသည့်အချက်ဖြင့် Wuhan coronavirus နှင့်ပတ်သက်၍ လူတို့၏ စိုးရိမ်ကြောင့်ကြမှုကို အသုံးချ၍ မသမာသူများမှ အီးမေးလ်ကမ်ပိန်းများပြုလုပ်ကာ ကွန်ပျူတာသုံးစွဲသူများ၏ အကောင့်များကို ခိုးယူရန်ကြိုးစားခြင်း၊ Spyware များ ဖြန့်ဖြူးရန် ကြိုးစားခြင်းများ ပြုလုပ်လျှက် ရှိပါသည်။

          သို့ဖြစ်ပါ၍ အလားတူအီးမေးလ်မျိုး ရရှိပြီး မသင်္ကာဖွယ်ရာ Link များ၊ Attachment များပါရှိပါက ဖွင့်မကြည့်ကြရန်နှင့် မိမိတို့၏ Antivirus များကို နောက်ဆုံးအခြေအနေအထိ Update ပြုလုပ်ထားရန် သတိပေးနှိုးဆော်အပ်ပါသည်။