The Cyber Security Student Contest Vietnam 2025 သို့ပါဝင်ယှဉ်ပြိုင်နိုင်ရေးဖိတ်ကြားခြင်း

၁။ The Cyber Security Student Contest Vietnam 2025 ပြိုင်ပွဲအား ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၊ တောင်ကိုရီးယား သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံအစရှိသည့် နိုင်ငံများမှ အဆင့်မြင့်ပညာရေး တက္ကသိုလ်၊ ကောလိပ်ရှိ ကျောင်းသား၊ ကျောင်းသူများမှ Capture the Flag-CTF ပြိုင်ပွဲအား Online မှတစ်ဆင့် ပါဝင်ယှဉ်ပြိုင်နိုင်ရန်ရည်ရွယ်၍ ဗီယက်နမ်အမျိုးသားဆိုက်ဘာလုံခြုံရေးအဖွဲ့ အစည်း (Vietnam National Cyber Security Association- NCA) က ဖိတ်ကြားလာပါသည်။
၂။ အဆိုပါပြိုင်ပွဲသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ ကျောင်းသား/ကျောင်းသူများအား ဆိုက်ဘာလုံခြုံရေးနယ်ပယ်ရှိ Capture The Flag (CTF) ဆိုင်ရာ အသိပညာ၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများမြှင့်တင်နိုင်ရန်နှင့် ဆိုက်ဘာလုံခြုံရေးနယ်ပယ်တွင် အဖွဲ့လိုက် လုပ်ဆောင်တတ် စေရန် ရည်ရွယ်၍ (၇)ကြိမ်မြောက်ကျင်းပသည့် Capture the Flag (CTF) ပြိုင်ပွဲဖြစ် ပါသည်။
၃။ ပြိုင်ပွဲအား လက်ရည်စစ်ပြိုင်ပွဲ (Qualifying Round)နှင့် နောက်ဆုံးအဆင့်ပြိုင်ပွဲ (Final Round) ဟူ၍ နှစ်ပိုင်းခွဲ၍ Online ဖြင့်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံရှိအသင်းများအတွက် Onsite တွင်လည်းကောင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အသင်းတစ်သင်းလျှင် ၄ ဦးအထိ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး Qualifying Round အား ၁၈-၁၀-၂၀၂၅ ရက်နေ့တွင် ၈ နာရီကြာ CTF (Jeopardy) ပုံစံဖြင့် ကျင်းပမည်ဖြစ်ပြီး ဆိုက်ဘာလုံခြုံရေး နယ်ပယ်များဖြစ်သော Pwnable၊ Reverse Engineering၊ Web၊ Forensics နှင့် Crypto ဆိုင်ရာပုစ္ဆာများပါဝင်မည်ဖြစ်ပါသည်။
၄။ ပြိုင်ပွဲဝင်များအနေဖြင့် Qualifying Round ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် Pwnable၊ Reverse Engineering၊ Web၊ Forensics နှင့် Crypto စသည့် နည်းပညာရပ်တစ်ခုခုနှင့် ရင်းနှီးကျွမ်းဝင်မှုရှိရမည်ဖြစ်ပြီး ဖော်ပြပါလျှောက်လွှာပုံစံတွင် အချက်အလက်များကို ဖြည့် သွင်း၍ info@cscv.vn အီးမေးလ်သို့ ၁၀-၁၀-၂၀၂၅ ရက်နေ့ မတိုင်မီ ပေးပို့လျှောက်ထားရ မည်ဖြစ်သည်။
၅။ Final Round ပြိုင်ပွဲအား ၁၅-၁၁-၂၀၂၅ ရက်နေ့တွင် Hybrid ပုံစံဖြင့်လည်းကောင်း ကျင်းပပြုလုပ်မည် ဖြစ်ပြီး Qualifying Round အောင်မြင်သည့် အသင်းများသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ ဤပြိုင်ပွဲတွင် လက်ရည်စစ်ပွဲတွင် အမှတ်အများဆုံးရရှိ မည့် တက္ကသိုလ်/ကောလိပ်ပေါင်း ၂၀ မှ အသင်း ၂၀ ပါဝင်သော Group A (Attack-Defense) နှင့် လက်ရည်စစ်ပွဲတွင် အမှတ်အများဆုံးရရှိမည့် အသင်းများပါဝင်သည့် Group B (Jeopardy Online) ဟူ၍ နှစ်ဖွဲ့ခွဲ ၍ ပါဝင်ယှဉ်ပြိုင်စေမည် ဖြစ်ပါသည်။
၅။ ထို့အပြင် Register ပြုလုပ်မှုအောင်မြင်သည့် အသင်းများနှင့် နောက်ဆုံးအနိုင်ရရှိသွား သည့် အသင်းများအား ပြိုင်ပွဲကျင်းပမည့် Website ဖြစ်သည့် https://www.cscv.vn/en တွင် ကြေငြာသွားမည် ဖြစ်ပါသည်။ ချီးမြှင့်မည့်ဆုများအနေဖြင့် ပထမဆု ၁ ဆု၊ ဒုတိယဆု ၂ ဆု၊ တတိယဆု ၃ ဆုနှင့် နှစ်သိမ့်ဆု ၁၀ ဆုပါဝင်ပြီး ဆုငွေတန်ဖိုးမှာစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၀၀၀ အထိ သတ်မှတ်ထားပါသည်။ ထို့ပြင် NCA မှ အသိအမှတ်ပြု လက်မှတ်များလည်း ချီးမြှင့်သွားမည် ဖြစ်ပါသည်။
၆။ သို့ဖြစ်ပါ၍ The Cyber Security Student Contest Vietnam 2025 ပြိုင်ပွဲသို့ တက္ကသိုလ်/ကောလိပ်များမှ ကျောင်းသား/ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင် နိုင်ပါကြောင်းနှင့် ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို Attachment ဖိုင် တွင် ကြည့်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
Download - CSCV 2025 Information.pdf
Download - CSCV RegistrationForm.doc
