Skip to main content

Official website of the Myanmar Cyber Emergency Response Team

Broadcom ကုမ္ပဏီသည် VMware ESXi ၊ vCenter ၊ Workstation ၊ Fusion နှင့် Avi Load Balancer တို့ကို ထိခိုက်စေသည့် အားနည်းချက် ၂၃ ခု အတွက် Patch အသစ်များကို ထုတ်ပြန် ထားရာ ၎င်းတို့အနက် ခွင့်ပြုချက်ကို ကျော်လွန်ဝင်ရောက်နိုင်သည့် အလွန်ပြင်းထန်သော Critical အားနည်းချက်တစ်ခုလည်း ပါဝင်သည်။

        CVE-2026-123903 သည်  VMware vCenter Server ရှိ VMware Directory Service (vmdir) ကို ထိခိုက်စေသည့်  ခွင့်ပြုချက်ကို ကျော်လွန်ဝင်ရောက်နိုင်သည့် အလွန်အရေးကြီး သော အားနည်းချက်တစ်ခု ဖြစ်ပြီး CVSS ၉.၈ အဖြစ် သတ်မှတ်ထားပါသည်။ vCenter သို့ ကွန်ရက်မှတစ်ဆင့် ဝင်ရောက်နိုင်သည့် သံသယဖြစ်ဖွယ်တိုက်ခိုက်သူက အဆိုပါအားနည်းချက် ကို အသုံးချ၍ ခွင့်ပြုချက်ကို ကျော်လွန်ပြီး စနစ်အတွင်းသို့ ဝင်ရောက်နိုင်သည်ဟု Broadcom ၏ လုံခြုံရေး အကြံပေးချက်တွင် ဖော်ပြထားပါသည်။

        CVE-2026-123904 သည် Compressed Archive အချို့ကို vCenter Server က Process လုပ် ချိန်တွင် ဤအားနည်းချက် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ Remote Attacker တစ်ဦးသည် ၎င်းကို အသုံးချ၍ vCenter Appliance ပေါ်တွင် မိမိစိတ်ကြိုက်ဖိုင်များ ရေးသားထည့်သွင်းနိုင်ပြီး ထိုမှတစ်ဆင့် Arbitrary Code များ ထည့်သွင်းခိုင်းစေနိုင်သည်အထိ  အန္တရာယ်ရှိရာ CVSS - ၇.၅ ဟု သတ်မှတ်ထားပါသည်။

          CVE-2026-123905 ၊ CVE-2026-123906 နှင့် CVE-2026-123907 တို့သည် VMware Directory Service တွင် ဖြစ်ပွားနိုင်သည့် ဝန်ဆောင်မှုရပ်တန့်စေခြင်း (Denial-of-Service) အားနည်းချက်များဖြစ်ပြီး CVSS - ၇.၅ မှတ်ဟု သတ်မှတ်ထားပါသည်။

ထိခိုက်နိုင်သော Product များ

အဆိုပါ လုံခြုံရေးအားနည်းချက် ၅ ခုသည် VMware vCenter Server 9.1.x, 9.0.x, 8.0, 7.0 နှင့် သက်ဆိုင်ရာ Cloud Foundation / Telco Cloud Product များကို ထိခိုက်နိုင်ပါသည်။

အကြံပြုချက်

ထိခိုက်နိုင်သည့် Product များကို အသုံးပြုနေသော User များနှင့် Administrator များအနေဖြင့် နောက်ဆုံး Version သို့ ချက်ချင်း Update ပြုလုပ်သင့်ပါသည်။

 

https://thehackernews.com/2026/11/vmware-vcenter-hit-by-another-critical.html?m=1

https://support.broadcom.com/web/ecx/support-content-notification/-/external/content/SecurityAdvisories/0/39626