Skip to main content

Official website of the Myanmar Cyber Emergency Response Team

Zoom Workplace for Windows တွင် ထိခိုက်စေနိုင်သော လုံခြုံရေးအားနည်းချက် CVE-2026-108186 ၊ CVE-2026-108187 နှင့် CVE-2026-53412 များကို ပြင်ဆင်ရန်အတွက် Zoom မှ Software Path များကို ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။

          CVE-2026-108186 သည် Zoom Workplace for Windows တွင် ဖြစ်ပေါ်သည့် အချက်အလက်ထည့်သွင်းမှု စိစစ်အတည်ပြုခြင်းဆိုင်ရာ အားနည်းချက် (Improper Input Validation -CWE-20)ဖြစ်ပြီး CVSS Score – ၉.၆ ရှိ အလွန်ပြင်းထန်သော အားနည်းချက် ဖြစ်ပါသည်။

            CVE-2026-108187 သည် Zoom Workplace for Windows တွင် တွေ့ရှိရသော မူလ ရင်းမြစ် စိစစ်အတည်ပြုမှုဆိုင်ရာ အားနည်းချက်(Origin Validation Error-CWE-346) ဖြစ်ပြီး CVSS Score - ၈.၁ ရှိ ပြင်းထန်မှုအဆင့် High ဟု သတ်မှတ်ထားပါသည်။ 

          CVE-2026-53412 သည် Zoom Workplace for Windows၊ Zoom Workplace VDI Client for Windows နှင့် Zoom Meeting SDK for Windows တို့တွင် ဖြစ်ပွားသော အချက် အလက်ထည့်သွင်းမှု စိစစ်အတည်ပြုခြင်းဆိုင်ရာ အားနည်းချက် (Improper Input Validation - CWE-20) ဖြစ်ပါသည်။ ၎င်းသည် CVSS Score - ၉.၈ (Critical) ဖြစ်ရာ အလွန် အန္တရာယ်ရှိသော အဆင့် ဖြစ်ပါသည်။

 

သက်ရောက်မှု

          CVE-2026-108186 ၊ CVE-2026-108187 အားနည်းချက်များကို အောင်မြင်စွာ အသုံးချ နိုင်ပါက အထောက်အထားစိစစ်အတည်ပြုထားခြင်းမရှိသော အဝေးမှတိုက်ခိုက်သူများအနေ ဖြင့် Account ဝင်ရောက်ခွင့် တစ်စုံတစ်ရာ မလိုအပ်ဘဲ လုပ်ပိုင်ခွင့်များကို မြှင့်တင်ရယူနိုင်မည် ဖြစ်ပါသည်။ 

          CVE-2026-53412 သည် အထောက်အထား စိစစ်အတည်ပြုထားခြင်းမရှိသော ကွန်ရက်မှ တိုက်ခိုက်သူအား သက်ဆိုင်ရာ Account တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ခွင့် ပေးသည့် အခြေအနေကို ဖြစ်ပေါ်စေပါသည်။

 

ထိခိုက်နိုင်သော Product များ

CVE-2026-108186 သည် Version 7.1.0 မှစတင်၍ 7.1.8 မတိုင်မီ Versions များ၊

CVE-2026-108187 သည် Version 7.1.5 မတိုင်မီ Version များ၊

CVE-2026-53412 သည် Zoom Workplace for Windows Version 7.0.0 မတိုင်မီ Version များ၊ 

Zoom Workplace VDI Client for Windows Version 7.0.10၊ 6.6.15 နှင့် 6.5.18 တို့မတိုင်မီ Versions များ၊

Zoom Meeting SDK for Windows Version 7.0.0 မတိုင်မီ Version များ။


အကြံပြုချက်

          ထိခိုက်နိုင်သည့် Product Version များကို အသုံးပြုလျက်ရှိသော အသုံးပြုသူများနှင့် Administrator များအနေဖြင့် မိမိတို့အသုံးပြုနေသည့် Zoom Product Version များကို စစ်ဆေးပြီး သက်ဆိုင်ရာ အားနည်းချက်များကို ပြင်ဆင်ထားသော Version များသို့ ချက်ချင်း Update ပြုလုပ်သွားသင့်ပါသည်။ 

 

ကိုးကားချက်

https://www.zoom.com/en/trust/security-bulletin/zsb-26023
https://www.zoom.com/en/trust/security-bulletin/zsb-26024
https://www.zoom.com/en/trust/security-bulletin/zsb-26014
https://nvd.nist.gov/vuln/detail/CVE-2026-108186
https://nvd.nist.gov/vuln/detail/CVE-2026-108187
https://nvd.nist.gov/vuln/detail/CVE-2026-53412
https://thehackernews.com/2026/11/critical-zoom-workplace-flaw-could.html