Mozilla Firefox ၏ Network Security Service(NSS) တွင် Security Vulnerability များရှိနေ
Mozilla Firefo× ၏ Network Security Service(NSS) တွင် Security Vulnerability များရှိနေကြောင်းကို Mozilla Organization မှထုတ်ပြန်ထားပါသည်။ Network Security Service(NSS) သည် Client and Server Application များအတွက် Cross-platform development ကို Support ပေးသော Library များဖြစ်ပါသည်။ Application များအတွက် အဓိက လိုအပ်သော Security Service များ ဖြစ်သည့် SSL v2 and v3, TLS, PKCS #5, PKCS #7, PKCS #11, PKCS #12, S/MIME, X.509 v3 certificates နှင့် အခြားသော Security Standard များကို NSS မှ အဓိက လုပ်ဆောင်ပေးခြင်းဖြစ်ပါသည်။ ထို့အတွက် User များအနေနှင့် Mozilla ကို Update ပြုလုပ်နိုင်ကြောင်းထုတ်ပြန်ထားပါသည်။ အသေးစိတ်ကို အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://www.securityfocus.com/bid/66356/info
