Browser များဖြစ်သော Mozilla Firefox ၊ Thunderbird နှင့် SeaMonkey တို့တွင်ဖြစ်နေသော Memory-Corruption Vulnerability
Browser များဖြစ်သော Mozilla Firefox ၊ Thunderbird နှင့် SeaMonkey တို့တွင်ဖြစ်နေသော Memory-Corruption Vulnerability နှင့်ပတ်သက်၍ ၂ဝ၁၃ ခုနှစ် ဒီဇင််ဘာလ ၂ ရက် နေ့က SecurityFocus တွင် ထုတ်ပြန်အသိပေးခဲ့ကြောင်း သိရှိရပါသည်။ ၄င်း Vulnerability ကြောင့် Successful Exploits ဖြစ်သွားပါက Affected Application တွင် Attacker များမှ Arbitrary Code ကို Execute ပြုလုပ်ရန် ခွင့်ပြုပေးပါသည်။ အကယ်၍ Failed Exploits ဖြစ်ခဲ့လှျင်လည်း Denial-Of-Service Condition ဖြစ်ရန် ကြိုးစားနေမှာဖြစ်ပါသည်။ ၄င်း issue ကို အောက်ပါ Versions များတွင် ဖြေရှင်းပြီးကြောင်းသိရပါသည်။
Firefox 25.0
Firefox ESR 24.1
Firefox ESR 17.0.10
Thunderbird 24.1
Thunderbird ESR 17.0.10
Seamonkey 2.22
http://www.securityfocus.com/bid/63423/discuss
