Skip to main content
x

လူသုံးများသော Browser တစ်ခုဖြစ်သည့် Google Chrome Browser တွင် Out of Bounds Denial of Service Vulnerability ဖြစ်စေနိုင်

လူသုံးများသော Browser တစ်ခုဖြစ်သည့် Google Chrome Browser တွင် Out of Bounds Denial of Service Vulnerability ဖြစ်စေနိုင်သော အကြောင်းနှင့် ပတ်သက်သည့် အချက်အလက်များကို ဇူလိုင်လ ၁၁ ရက်နေ့က SecurityFocus တွင် ထုတ်ပြန်အသိပေးခဲ့ ကြောင်း သိရှိရပါသည်။ ထိုအားနည်းချက်သည် Chrome Version 0.2.152.1 မှစ၍ Chrome Version 28.0.1500.71 မတိုင်ခင် Version များအားလုံးတွင် ရှိနေနိုင်ကြောင်းတွေ့ရှိရပါသည်။ XML_PARSER_EOF state ကို စစ်ဆေးနိုင်ခြင်း မရှိသောကြောင့် Document ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များကို ရုတ်တရက် ရပ်တန့်သွားစေပြီး Attacker သည် ၄င်း အားနည်းချက်ကို အသုံးပြု၍ Denial-of-Service (DoS) အခြေအနေထိ ဖြစ်ပွားစေနိုင်ကြောင်း တွေ့ရှိရပါသည်။
အသေးစိတ်ရှင်းလင်းချက်များနှင့် ဖြေရှင်းရန်နည်းလမ်းများကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါသည်။

http://www.securityfocus.com/bid/61050