Skip to main content
x

Microsoft Malware Protection Center မှ Win32/Vobfus အကြောင်း

Microsoft Malware Protection Center မှ Win32/Vobfus အကြောင်းကို ဇွန်လ (၃ဝ) ရက် ၂ဝ၁၃ ခုနှစ် တွင် ထုတ်ပြန်ခဲ့ပါသည်။ ၄င်း Win32/Vobfus သည် "family of worm" အမျိုးအနွယ်ဝင်ဖြစ်ပြီး Removable Drives များမှ သော်လည်ကောင်း၊ Win32/Beebone ကဲ့သို့သော အခြားသော malware များ မှ Download ချ၍ သော်လည်ကောင်း ပျံ့နှံ့ တတ်ပါသည်။ ထို့နောက် Vobfus worm သည် passwords.exe, porn.exe, secret.exe, sexy.exe, subst.exe နှင့် video.exe ကဲ့သို့သော နာမည်များပေး၍ ၄င်းကိုယ်တိုင် copy ကူးယူပြီး Removable Drives များအတွင်းတွင် ပျံ့နှံ့တက်ပါသည်။ ၄င်း worm သည် Window ကို start လုပ်သော အချိန်တိုင်းတွင်runkey ကို create လုပ်ပြီး နောက်ဆုံးတွင် C&C server နှင့် ချိတ်ဆက်ပြီး encrypted လုပ်ထားသော instruction များအတိုင်း Beebone နှင့် အခြား threats များကို download ပြုလုပ်ပါသည်။  Vobfus နှင့် Beebone တို့ကြားရှိ ဆက်သွယ်မှုအရ အပြန်အလှန် download ချ၍ variants များကိုupdate ဖြစ်အောင်ပြုလုပ်ခြင်းဖြစ်ပါသည်။


၁။ Download ချခြင်းမှ တစ်ဆင့် ကူးစက်တတ်သဖြင့် ယုံကြည်စိတ်ချရခြင်းမရှိသော link များကို နှိပ်ရာတွင် သတိပြုသင့်ကြောင်း၊ software exploits ဖြစ်ခြင်းမှ ကာကွယ်ရန် သင် အသုံးပြုနေသော Browser နှင့် Software များကို အချိန်နှင့်တစ်ပြေးညီ up to date ဖြစ်စေရန် ပြုလုပ်ခြင်း။


၂။ Removal Drives များ (သို့မဟုတ်) Beebone worm မှ Download ချခြင်းဖြင့်လည်းကောင်း ပျံ့နှံ့ တတ်သဖြင့် autorun function ကို disable လုပ်ခြင်း တို့ဖြစ်ပါသည်။

အသေးစိတ် အချက်အလက်များကို အောက်ဖော်ပြပါ Link တွင် ကြည့်ရှုနိုင်ပါသည်။

http://blogs.technet.com/b/mmpc/archive/2013/06/30/viewing-vobfus-infections-from-above.aspx