Skip to main content
x

WordPress Theme Developer များက ၎င်းတို့၏ပြိုင်ဘက်များကို DDoS တိုက်ခိုက်ရန်အတွက် Theme အသုံးပြုသူများအား Zombie များအဖြစ် အသုံးပြုကြ

          မကြာသေးမီက Developer တစ်ယောက်သည် အလွန်အရေးပါသော ဆိုက်ဘာလုံခြုံရေးဖြစ်စဉ် တစ်ခုအား ၎င်း၏ဘလော့တွင် ဖော်ပြခဲ့ပါသည်။ Developer တစ်ယောက်၏ ဖောက်သည်က ၎င်းထံသို့ ဖုန်းဆက်အကူအညီတောင်းခံခဲ့ပြီး ဘလော့သုံးစွဲသူများက ၎င်းတို့၏ဝက်ဘ်ဆိုက်အတွက် WordPress Theme ကို ဝယ်ယူအသုံးပြုပြီး Install လုပ်ပြီးနောက် ဝက်ဘ်ဆိုက်သည်အလွန်နှေးကွေးသွားပြီး အကြောင်းရင်းကို ရှာမရဖြစ်ခဲံကြောင်း ပြောဆိုခဲ့ပါသည်။ ထို့နောက် Developer က ပြဿနာဖြစ်ရခြင်း၏ အကြောင်းရင်းကို သေသေချာချာလေ့လာပြီးနောက် ရရှိလာသည့် ရလဒ်မှာ အံ့သြဖွယ်ရာ ဖြစ်နေပါသည်။

          “Pigdig” သည် အကြီးမားဆုံးသော WordPress Theme Developer များထဲမှ အုပ်စုတစ်ခုဖြစ်ပြီး ၎င်းတို့၏ “Pipdig Power Pack” plugin သည် မကြာသေးမီက နာမည်ပျက် ဆော့ဖ်ဝဲလ်တစ်ခုအဖြစ် တွေ့ရှိခဲ့ရပါသည်။

          Developer က “Pipdig Power Pack” plugin ၏ Source Code များကို သုတေသနပြုပြီးနောက် အောက်ပါအပြုအမူများကို ရှာဖွေတွေ့ရှိခဲ့ပါသည်-

(က) ၎င်းသည် ပြိုင်ဘက်အပေါ် DDoS တိုက်ခိုက်ရန်အတွက် အခြား ဘလော့ဂါ၏ ဆာဗာများကို အသုံးပြုခြင်း၊

(ခ) ဘလော့ဂါ၏ Content ကို ပြိုင်ဘက်ဖြစ်သော WordPress Migration Servcies မှသည် Pipdig ဝက်ဘ်ဆိုက်သို့ ညွှန်ပြစေမည့် Link များသို့ ပြောင်းလဲစေရန် ကြိုးကိုင်ခြင်း၊

(ဂ) ဘလော့ဂါ၏ ဝက်ဘ်ဆိုက်မှ ဒေတာများကို ခွင့်ပြုချက်မရှိဘဲ စုဆောင်းခြင်း၊ ယေဘုယျဒေတာကာကွယ်စောင့်ရှောက်ရေးစည်းမျဉ်း (GDPR) ကို တိုက်ရိုက်ချိုးဖောက်ခြင်း၊

(ဃ) စုဆောင်းထားသော ဒေတာများကို အသုံးပြု၍ ဘလော့ဂါ၏ ဝက်ဘ်ဆိုက်ကို Admin Password ပြောင်းလဲ၍ ဝင်ရောက်နိုင်ခြင်း၊

(င) Database Table အားလုံးကို ဖြုတ်ချနိုင်သည့် “Kill Switch” ပါဝင်ခြင်း၊

(စ) Pipdig မှ မလိုအပ်ဟု ယူဆသော အခြားသော Pluing များကို ခွင့်ပြုချက်မလိုဘဲ တမင်တကာ ဖြုတ်ထားနိုင်ခြင်း၊

(ဆ) Admin မှ သတိပေးချက်နှင့် WordPress Core ၏ အသိပေးချက်နှင့် အရေးကြီးသော အချက်အလက်များပါရှိသော Dashboard မှ အခြားသော plugin များ၏ အသိပေးချက်များကို ဖျောက်ထားနိုင်ခြင်း

          Pipdig Power Pack 4.7.3 အထိတွင် Backdoor ကုဒ်များပါရှိပြီး Version 4.8 တွင်မူ Backdoor ကုဒ်များ ဖယ်ရှားထားပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ Pigdig Power Pack 4.7.3 နှင့်အောက် version များကို install လုပ်ထားသော ဝက်ဘ်ဆိုက်များ၊ ဘလော့ဂ်များအနေဖြင့် Pipdig Power Pack (P3)Plugin အား အမြန်ဆုံးဖယ်ရှားပစ်ပါရန် သတိပေးအပ်ပါသည်။

1

(၁) Pipdig WordPress Themes Provider

2

ပုံ(၂) Pipdig မှ ပြိုင်ဘက်အား DDoS တိုက်ခိုက်မှုကို ဆောင်ရွက်ခြင်း။

3

(၃) Password များကို Reset လုပ်နိုင်ခြင်း။