Skip to main content
x

၂.၅ သန်းမျှ Install ပြုလုပ်ထားပြီးကြသော Google Play App များသည် Screen ပိတ်ထားချိန်တွင် ကြော်ငြာများကို အလုပ်လုပ်ခိုင်းကြ

          Google Play Store သည် ၂.၅ သန်းမျှ Install ပြုလုပ်ထားပြီးကြသော Android App ၄၃ ခု၏ စိမ့်ဝင်ထိုးဖောက်ခြင်း ခံနေရပါသည်။ ၎င်း App များသည် ဖုန်း screen ပိတ်ထားသည့်တိုင် ကြော်ငြာများကို လျှို့ဝှက်စွာ ပြသနေပြီး ဖုန်းဘတ္ထရီကို ကုန်စေပါသည်။

          McAfee ၏ မိုဘိုင်းသုတေသနအဖွဲ့သည် အန္တရာယ်ရှိသော Android App များကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့၏ Google Play Store  မူဝါဒများကို ချိုးဖောက်မှုဖြင့် Google သို့ တိုင်ကြားခဲ့သည်။ နောက်ပိုင်းတွင် Google က ၎င်း App များကို android ၏ တရားဝင် Store မှ ဖယ်ရှားခဲ့သည်။

          ၎င်း App များသည် အဓိကအားဖြင့် မီဒီယာထုတ်လွှင့်သည့် App များနှင့် သတင်းစုစည်းဖော်ပြသည့် App များဖြစ်ပြီး ကိုရီးယားလူမျိုးအများစုကို ပစ်မှတ်ထားသည်။ သို့သော်လည်း အခြား App အမျိုးအစားများနှင့် ပိုမိုကွဲပြားခြားနားသည့် လူများတွင်လည်း တူညီသည့် လှည့်စားသော နည်းဗျူဟာများကို လွယ်လွယ်ကူကူ အသုံးချနိုင်ပါသည်။

          ဤ App များကို Adware အနေဖြင့် သတ်မှတ်ကြပြီး အသုံးပြုသူများအတွက် အန္တရာယ်များဖြစ်ပေါ်စေခြင်း၊ ဖုန်းများ၏ ဘတ္ထရီသက်တမ်းကို ကုန်ခမ်းစေခြင်း၊ အင်တာနက် ဒေတာကို သိသာထင်ရှားစွာ သုံးစွဲခြင်းနှင့် ကြော်ငြာရှင်များကို လိမ်လည်ခြင်းတို့ကို ဖြစ်ပေါ်စေရာ အသုံးပြုသူများအတွက် အန္တရာယ်များဖြစ်ပေါ်နေဆဲဖြစ်သည်။

Some of the affected apps

Google Play တွင် ပုန်းခိုနေခြင်း

          McAfee ၏ အစီရင်ခံစာအရ Adware သည် TV/DMB Player၊ Music Downloader၊ သတင်းများနှင့် ပြက္ခဒိန် application များကဲ့သို့ အယောင်ဆောင်ပြီး Google Play App များထဲတွင် ပုန်းခိုနေသည်ဟု ဖော်ပြသည်။

          ဖုန်းထဲတွင် Install ပြုလုပ်ပြီးသည်နှင့်တပြိုင်နက် Adware App များသည် အသုံးပြုသူများကို လိမ်လည်လှည့်ဖြားရန်နှင့် Google မှစစ်ဆေးသူများ၏ စစ်ဆေးမှုများမှ ရှောင်ရှားနိုင်ရန်အတွက် ရက်သတ္တပတ်များစွာစောင့်ဆိုင်းပြီးမှ လိမ်လည်ကြော်ငြာမှုများကို ဆောင်ရွက်သည်။

          Adware ၏ အပြင်အဆင်ကို Firebase Storage သို့မဟုတ် Messaging မှတစ်ဆင့် ပြင်ဆင်နိုင်ခြင်းနှင့် Update ပြုလုပ်နိုင်သောကြောင့် ၎င်းတို့၏ operator များက ပုန်းကွယ်နိုင်သည့်အချိန်ကာလနှင့် အခြားသတ်မှတ်ချက်များကိုပါ ထိန်းညှိနိုင်သည်ဟု McAfee မှ ပြောကြားသည်။

The idleness latency configuration

          Android စနစ်သည် ဖုန်းအား အသုံးမပြုဘဲထားသည့်အချိန်တွင် App တစ်ခုကို Standby Mode အနေနှင့်ထားသည့် စွမ်းအင်ချွေတာခြင်းစနစ်တစ်ခုကို ထည့်သွင်းအသုံးပြုထားပြီး ၎င်းသည် CPU၊ မှတ်ဉာဏ်နှင့် network resource များကို နောက်ကွယ်တွင် သုံးစွဲနေစေခြင်းမှ တားဆီးကာကွယ်ပေးပါသည်။

          အသုံးပြုသူများသည် အဖျက်အမှောက် Adware App များကို Install လုပ်ချိန်တွင် ၎င်း App များကို Android ၏ စွမ်းအင်ချွေတာခြင်းစနစ်တွင် ချွင်းချက်တစ်ခုအနေဖြင့် ထားပေးရန် အချက်ပေးဖော်ပြမည်ဖြစ်ပြီး နောက်ကွယ်တွင် အဖျက်အမှောက် App များကို အလုပ်လုပ်စေမည်ဖြစ်ပါသည်။

          ဤချွင်းချက်ထားခြင်းက ဖုန်း Screen ပိတ်ထားချိန်တွင် Adware App များကို ကြော်ငြာများတက်နေစေရန် ခွင့်ပြုထားပြီး အသုံးပြုသူများကို မည်ကဲ့သို့ဖြစ်ပျက်နေသည်ကို မသိရှိစေဘဲ လိမ်ညာလှည့်ဖြား၍ အမြတ်ငွေများသဲ့ယူနေခြင်းဖြစ်ပါသည်။

Traffic is exchanged in the background while device screen is off

          အသုံးပြုသူများသည် တက်လာသော ကြော်ငြာများကို Device Screen အလိုအလျောက်မပိတ်သွားခင် ဖွင့်လိုက်သည့်အချိန်ခဏလေးတွင် ရိပ်ခနဲ မြင်နိုင်ပါလိမ့်မည်ဟု McAfee မှ မှတ်ချက်ပြုသည်။

          သို့သော် ဖုန်းအနေဖြင့် အလုပ်မလုပ်ဘဲရှိစဉ်တွင် အကြောင်းရင်းတစ်စုံတစ်ရာမရှိဘဲ ဘက်ထရီသုံးစွဲမှုမြင့်မားမှု ဖြစ်ပေါ်ခြင်းသည် အသေချာဆုံးသော တိုက်ခိုက်ခံရမှုအညွှန်းကိန်း                      ဖြစ်ပါသည်။

          သင်၏ Android Device တွင် မည်သည့် App က စွမ်းအင်သုံးစွဲမှုအများဆုံးကို စစ်ဆေးရန်အတွက် “Settings Battery Battery Usage” တွင် ကြည့်ရှုနိုင်ပြီး စုစုပေါင်း သုံးစွဲမှုနှင့် နောက်ကွယ်တွင်သုံးစွဲမှုတို့ကို ပြသနေမည်ဖြစ်သည်။

          ဘဏ်လုပ်ငန်းဆိုင်ရာ တရားဝင် App များထိပ်တွင် Phishing စာမျက်နှာများ တွဲဖက်လေ့ရှိသော Banking Trojan များကဲ့သို့ Adware App များကလည်း အခြားသော App များကို အလုပ်လုပ်စေရန်အတွက် ခွင့်ပြုချက်တောင်းခံသော်လည်း ဤဖြစ်စဉ်တွင်မူ Phishing အပြုအမူများကို မတွေ့ရှိရကြောင်း McAfee က ပြောဆိုသည်။

          Android အသုံးပြုသူများအနေဖြင့် App များ Install မပြုလုပ်ခင် App အပေါ် သုံးသပ်ချက်များကို အမြဲတမ်းဖတ်ရှုရန်နှင့် App အသစ်များကို install ပြုလုပ်နေစဉ် တောင်းဆိုသောခွင့်ပြုချက်များကို စိစစ်ရန် အကြံပြုတိုက်တွန်းလိုပါကြောင်း...

“Bill Toulas” ၏ “Google Play apps with 2.5M installs load ads when screen's off” ကို လဲ့ရည်လွင် ဘာသာပြန်ဆိုပါသည်။