Skip to main content
x

ဒုတိယအကြိမ်မြောက် Incident Handling - Intrusion Detection သင်တန်းဆင်းပွဲ ကျင်းပ

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်းဖွင့်လှစ်ခဲ့သည့် Incident Handling – Intrusion Detection (ဒုတိယအကြိမ်)  သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့ နေလည်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

            သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်း အထောက်အကူပြု ဌာနတာဝန်ခံများနှင့် ပြည်ထောင်စုဝန်ကြီးဌာန၊ ဗဟိုအစိုးရ အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ ၂၈ ဦး တက်ရောက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။

          ယင်းနောက် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းတွင် ပထမဆုရရှိသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဒေါ်ဝင့်ဟေမာန်ထွန်း၊ ဒုတိယဆုရရှိသော  မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒေါ်ဝင်းမင်းသန်းနှင့် တတိယဆုရရှိသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဦးဝင်းမင်းသန့်တို့အား  ဂုဏ်ပြုဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးမှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။