Myanmar Cyber Security Challenge 2023 (အလွတ်တန်းအဆင့်) ပြိုင်ပွဲကျင်းပပြုလုပ်
Myanmar Cyber Security Challenge 2023 (အလွတ်တန်းအဆင့်) ပြိုင်ပွဲကို နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂) ၌ ယနေ့မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြိုင်ပွဲသို့ တပ်မတော်နည်းပညာတက္ကသိုလ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် အစိုးရနည်းပညာကောလိပ်/သိပ္ပံများမှ အသင်း ၂၅ သင်း၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၇၅ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး UI$ Team အသင်းက ပထမ၊ n00b_779082 အသင်းက ဒုတိယနှင့် U_SH3LL အသင်းက တတိယ အသီးသီးရရှိခဲ့ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆုရရှိသူများကို ဆုများချီးမြှင့်ပေးခဲ့ကြသည်။