Myanmar Cyber Security Challenge 2023 ပြိုင်ပွဲဝင်များအား အသိပေးချက်
၁။ Myanmar Cyber Security Challenge 2023 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ၂၆-၇-၂၀၂၃ ရက်နေ့ထိ စာရင်းပေးသွင်းထားသော အသင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
၁။ UI$ Team
၂။ AARON
၃။ C!T4
၄။ Cyb3r0t
၅။ n00b_779082
၆။ CyberLion
၇။ EMPIRE
၈။ &YT3@M
၉။ ZEUS
၁၀။ Whizz
၁၁။ Magics
၁၂။ Success
၁၃။ InfinityIT
၁၄။ I_SH3LL
၁၅။ U_SH3LL
၁၆။ Sync
၁၇။ CIA Blacker
၁၈။ Hot Spring
၁၉။ Team KCL
၂၀။ Et3r
၂၁။ Tracers
၂။ သတ်မှတ်ပြိုင်ပွဲဝင်အသင်းထက် ကျော်လွန်ပါက ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ၃၁-၇-၂၀၂၃ ရက်နေ့ (တနင်္လာနေ့) နံနက် ၉ နာရီတွင် အွန်လိုင်း၌ လက်ရည်စစ်ပွဲကို ယှဉ်ပြိုင်ရမည်ဖြစ်ပြီး Web Security, Reverse Engineering, Crypto, Binary Exploit(Pwn) နှင့် Forensics ဆိုင်ရာ မေးခွန်းအချို့ကို ဖြေဆိုရမည်ဖြစ်ပြီး လက်ရည်စစ်ပွဲအောင်မြင်သော အသင်းများသည် ၅-၈-၂၀၂၃ ရက်နေ့၌ နေပြည်တော်တွင် ကျင်းပသော နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပါသည်။ အွန်လိုင်း၌ လက်ရည်စစ်ပွဲ ယှဉ်ပြိုင်ရန်အတွက် လိုအပ်သော Login Credentials များနှင့် Website Link အား အီးမေးလ်မှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ပါသည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသည့်အသင်းများအား ၃၁-၇-၂၀၂၃ ရက်နေ့တွင် ကြေညာသွားမည်ဖြစ်ပြီး အုပ်ချုပ်မှုကိစ္စရပ်များအတွက် အသင်းခေါင်းဆောင်များထံ ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၃။ MCSC2023 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့၏ Laptop ကွန်ပျူတာများကိုသာ အသုံးပြုရမည်ဖြစ်ပြီး အဆိုပါ ကွန်ပျူတာများတွင် Kali Linux, SIFT Workstation, Windows 7 (64-bit) VM များကဲ့သို့သော မိမိဖြေဆိုရမည့် မေးခွန်းများနှင့် သက်ဆိုင်သော Virtual Machine များ၊ လိုအပ်သော Tool များကို ကြိုတင် Install ပြုလုပ်ထားရမည်ဖြစ်ပါသည်။ ပြိုင်ပွဲတွင် အင်တာနက်ကို အသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး Google Search Engine မှတစ်ဆင့်လည်း လိုအပ်သော သဲလွန်စများကို ရှာဖွေနိုင်ပါသည်။ (MacBook အသုံးပြုသူများအနေဖြင့် USB to RJ45 Adapter များ ကြိုတင်ယူဆောင်လာရပါမည်။)
၄။ ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်လျှောက်လွှာပုံစံအား နောက်ဆုံးပေးပို့ရမည့်အချိန်မှာ ၂၈-၇-၂၀၂၃ ရက်နေ့ ညနေ ၄ နာရီ ဖြစ်ပါသည်။
၅။ ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့၏ ဖုန်းနံပါတ်ဖြစ်သော ၀၆၇-၃၄၂၂၂၇၂ သို့ဖြစ်စေ၊ ctf@ncsc.gov.mm သို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။