Skip to main content
x

Mikrotik Router OS ၏အားနည်းချက်များသည် ဟက်ကာများကို DOS တိုက်ခိုက်မှုများလုပ်ဆောင်နိုင်ရန် အခွင့်အလမ်းပေးနေ

          Mikrotik Router OS များတွင် စိုးရိမ်ဖွယ်ရာလုံခြုံရေးအားနည်းချက်တစ်ခုကို တွေ့ရှိခဲ့ပြီး ၎င်းက လုံခြုံရေးအာနည်းချက်ရှိသော Router ပေါ်တွင် တိုက်ခိုက်သူများကို DoS တိုက်ခိုက်မှုကို လုပ်ဆောင်စေနိုင်ပြီး Router အားလည်း reboot ဖြစ်စေနိုင်ပါသည်။

          Mikrotik သည်ကမ္ဘာတဝှမ်းအင်တာနက်ချိတ်ဆက်မှုများအတွက် hardware နှင့် software အနေဖြင့် ပံ့ပိုးပေးသည်သာမက Router OS software များကိုလည်း ဖန်တီးခဲ့ပါသည်။

          ၎င်းလုံခြုံရေးအားနည်းချက်သည် Watchdog Timer မှ Router ကို reboot လုပ်စေနိုင်ပြီး Router ကို မနိုင်ဝန်ဖြစ်စေခြင်း၊ နောက်ဆုံးတွင် အလုပ်မလုပ်နိုင်တော့ဘဲ ရပ်နေခြင်းဖြစ်စေပြီး ထိုပြဿနာကို ကိုင်တွယ်ဖြေရှင်းပြီးဖြစ်ပါသည်။

          သို့သော်လည်း အခြားပြဿနာတစ်ခုက မှတ်ဉာဏ်ကိုပြည့်စေပါသည်။ အဘယ်ကြောင့်ဆိုသော် Ipv6 ၏ Route Cache အရွယ်အစားသည် ရရှိနိုင်သည့် RAM ထက်များနေသောကြောင့်ဖြစ်ပါသည်။ 

          ဤပြစ်ချက်ကိုလည်း ရရှိနိုင်သည့် မှတ်ဉာဏ်ပေါ်တွင် Cache အရွယ်အစားကို အလိုအလျောက်တွက်ချက်သည့်စနစ်ကို မိတ်ဆက်ပေးခြင်းဖြင့် ဖြေရှင်းပြီးဖြစ်သည်ဟု MikroTik က ပြောကြားခဲ့သည်။

          MikroTik သည် CVE-2018-19299 ပြစ်ချက်အတွက် ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ပြင်ဆင်မှုမပြုလုပ်ခဲ့သော MikroTik Router များသည် IPV6 မှတဆင့် သွားသောဒေတာများသည် တိုက်ခိုက်ခံရမှုရှိပါလိမ့်မည်။

          ဤအားနည်းချက်သည် IPV6 မှတဆင့် အဖျက်အမှောင့်ဒေတာလမ်းကြောင်းဆီ ရောက်သွားစေခြင်းဖြင့် RAM အား မနိုင်ဝန်ထမ်းစေနိုင်ကာ တိုက်ခိုက်သူက MikroTik Router ၏လုပ်ဆောင်ချက်အား ဖြုတ်ချစေနိုင်ပါသည်။

          MikroTik ၏ ပြောကြားချက်အရ ၂၀၁၉ခုနှစ်၊ ဧပြီတွင်ထုတ်လုပ်သည့် Router OS Version များတွင် ယင်းပြင်ဆင်ချက်(၂)ခုလုံးကို ပြုလုပ်ပြီးဖြစ်ပါသည်။ (Router OS v6.44.2၊ Router OS v6.45beta23 နှင့်  Router OS v6.43.14 တို့တွင် ဖြစ်ပါသည်။)

          ၎င်းပြင်ဆင်ချက်သည် အောက်ပါနည်းလမ်းများအတိုင်း လုပ်ဆောင်သည်-
-IPV6
 - Packet များကိုတစ်ဆင့်ပို့ဆောင်သည့်အခါ Soft Lockup အားပြင်ဆင်ခြင်း၊

- IPV6  - ကြီးမားသည့်  IPv6 Neighbor Table များကို လုပ်ဆောင်သည့်အခါ Soft lockup အားပြင်ဆင်ခြင်း၊ 
- IPV6  - RAM မှတ်ဉာဏ်စုစုပေါင်းပေါ်တွင်မူတည်ပြီး  IPv6  လမ်းကြောင်း၏ Cache အများဆုံးပမာဏကို  ညှိပေးခြင်း။

          ဆိုလိုသည်မှာ လက်ရှိပြုပြင်မှုများသည်  လက်ရှိ version ဖြစ်သည့် (v6.44.2) နှင့် ပြစ်ချက်ကင်းစင်သော Version ဖြစ်သည့် (v6.43.14)များတွင် ပြင်ဆင်ပြီးဖြစ်ကြောင်းနှင့် ဤပြင်ဆင်မှုသည် RAM 64 MB နှင့်အထက်ရှိသော Router များအတွက်သာဖြစ်သည်။

          ထို့ကြောင့် RouterOS 6.44.2 အသုံးပြုထားသည့် routerများသည် ၎င်းတို့တွင် memory လုံလောက်စွာ ရှိမည်ဆိုလျှင် လုပ်ဆောင်ချက်ရပ်တန့်မှု မဖြစ်နိုင်ချေ။

          ၂၀၁၉ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့ နောက်ပိုင်းထုတ် RouterOS Version တစ်ခုခုသို့ Upgrade ပြုလုပ်ထားကြရန် MikroTik မှအကြံပြုပြောကြားထားပါကြောင်း…

          BALAJI ၏ “MikroTik RouterOS Vulnerability Allows Hackers to Perform DOS Attacks” ကို ရည်မွန်ကျော် ဘာသာပြန်ဆိုပါသည်။