Skip to main content
x

Apache CXF တွင် Multiple Remote Denial of Service Vulnerabilities ဖြစ်စေနိုင်

Apache CXF တွင် Multiple Remote Denial of Service Vulnerabilities ဖြစ်စေနိုင်သော အကြောင်းနှင့် ပတ်သက်သည့် အချက်အလက်များကို ဇူလိုင်လ ၉ ရက်နေ့က SecurityFocus တွင် ထုတ်ပြန်အသိပေးခဲ့ ကြောင်း သိရှိရပါသည်။ ၄င်း အားနည်းချက်သည် Apache CXF 2.5.10, 2.6.7 နှင့် 2.7.4 Version များ တွင် ရှိနေကြောင်းတွေ့ရှိရပါသည်။ ထို့ပြင် ၄င်းထက်စောသော Version များတွင်ပါ အားနည်းချက်ပါရှိနေ နိုင်ကြောင်း ထပ်မံသိရှိရပါသည်။ Attacker မှ ထိုအားနည်းချက်ကို အသုံးပြု၍ Application များကို Crash ဖြစ်စေသည့်အပြင် Denial-of-Service (DoS) အခြေအနေထိ ဖြစ်ပွားစေနိုင်ကြောင်း တွေ့ရှိရပါသည်။
အသေးစိတ်ရှင်းလင်းချက်များနှင့် ဖြေရှင်းရန်နည်းလမ်းများကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါသည်။

http://www.securityfocus.com/bid/61030/info