Cookies နှင့် Flash Cookies များကို ရှင်းလင်းရန်နည်းလမ်းများ

Cookies ဆိုသည်မှာ- မိမိသွားရောက်ခဲ့သော site များ၏ သတင်းအချက်အလက်အပိုင်းအစ လေးများပင် ဖြစ်ပါသည်။ မိမိ၏ web browser မှ cookies များကို expire ဖြစ်သည်အထိ သိမ်းဆည်း ထားပြီး ၄င်း cookies များထဲတွင် မိမိသွားခဲ့သော original website များနှင့် ပတ်သက်သော အကြောင်းအရာများလည်း ပါဝင်ပါသည်။ မိမိ Computer ထဲတွင် ၄င်း cookies file များကိုသိမ်းဆည်းထားလေ့ရှိပြီး မိမိ၏ browser နှင့် website များမှ မိမိ browsing ပြုလုပ်ခဲ့သော session များနှင့်အတူ အသုံးဝင် အရေးပါသော အချက်အလက်အလက်များ (ဥပမာ account names နှင့် passwords) ကိုပါ သိမ်းဆည်းထားပါသည်။

 

Cookies Cache များကို ရှင်းလင်းပေးခြင်းဖြင့် မိမိ browser ၏ speed နှင့်performance ကို တိုးတက်လာစေနိုင်ပါသည်။ ထို့အပြင် အခြားသူများမှ မိမိ၏ computer ကို browser ကို မိမိအသုံးပြုပြီး သည့်နောက် လာရောက် အသုံးပြုလှျင်လည်း cache cookies များကို ဖျက်ထားပြီးသည့် အတွက် မိမိ၏ private information များကို cache တွင် တွေ့မြင်နိုင်ခြင်း မရှိတော့ပေ။ ထိုကဲ့သို့ cache များကို အချိန်တိုင်းလိိုလို ရှင်းလင်းခြင်းဖြင့် အလေ့အကျင့် ကောင်းတစ်ရပ် ဖြစ်လာနိုင်ပါသည်။


ထို့ကြောင့် Cookies, Flash Cookies များကို ရှင်းလင်းရန်အတွက် အောက်တွင်ဖော်ပြထားသော နည်းလမ်းများဖြင့် မည်ကဲ့သို့ရှင်းလင်းရမည်ကို အဆင့် တစ်ဆင့်ခြင်းအလိုက် ဖော်ပြ ထားခြင်း ဖြစ်ပါသည်။

 

Firefox Web Browser တွင် Cookies ကို မည်ကဲ့သို့ ရှင်းလင်းရမည်ကို ဖော်ပြသွားပါမည်။

• ပထမဦးစွာ Firefox History မှ Clear Recent History သို့သွားပါ။

• Cookies Check box ကို အမှန်ခြစ်ပါ။

• ထို့အတူ Cache Check box ကိုလည်း အမှန်ခြစ်ပါ။

• ပြီးလျှင် Clear Now Button ကိုနှိပ်၍ ရှင်းလင်းနိုင်ပါသည်။ 

ဆက်လက်၍ Chrome Browser တွင် ပြုလုပ်ပုံ အဆင့်ဆင့်ကို ဖော်ပြသွားပါမည်။

 

• ပထမဦးစွာ Menu Button ကိုသွားပါ။

• Setting ကို ရွေးချယ်၍နှိပ်ပါ။

• Show Advance Setting ကို ရွေးချယ်၍နှိပ်ပါ။

• Scroll Bar ကိုအသုံးပြု၍ Privacy ကိုရှာပါ။

• ထို့နောက် Clear Browsing data ကိုနှိပ်ပါ။

• Cookies and other site and plug-in data Check bo× ကို အမှန်ခြစ်ပါ။

• Cached images and files Check box ကိုလည်း အမှန်ခြစ်ပါ။

• ပြီးလျှင် Clear Browsing data ကိုနှိပ်ပြီး ရှင်းလင်းနိုင်ပါသည်။ 

Safari တွင် ပြုလုပ်ပုံ အဆင့်ဆင့်ကို ဖော်ပြုပါမည်။

• ပထမဦးစွာ Safari ကိုနှိပ်၍ Perferences ကိုသွားပါ။

• Privacy tab ကို ရွေးချယ်ပါ။

• Remove all website data ကိုရွေးချယ်၍ နှိပ်ပါ။

• ထို့အတူ Remove Now ကို နှိပ်၍ ရှင်းလင်းနိုင်ပါသည်။ 

ထို့အပြင် Safari တွင် အောက်ဖော်ပြပါ နည်းလမ်းဖြင့်လည်း ပြုလုပ်နိုင်ပါသည်။

• ပထမဦးစွာ Preferences ကို နှိပ်ပါ။

• Advance tab ကို ရွေးချယ်ပါ။

• Show Develop menu in menu bar Check box ကို အမှန်ခြစ်ပါ။ 

• Develop ကို နှိပ်ပါ။

• ထို့နောက် Empty caches ကို နှိပ်ပြီး ရှင်းလင်း နိုင်ပါသည်။ 

နောက်ဆုံးအနေဖြင့် Internet Explorer တွင် ပြုလုပ်ပုံ အဆင့်ဆင့်ကို ဖော်ပြပါမည်။

• Internet Explorer ၏ ညာဘက်ထောင့်မှ Gear ပုံ icon ကို နှိပ်ပါ။

• ထို့နောက် Internet Options ကိုရွေးချယ်၍ နှိပ်ပါ။

• General tab ကို ရွေးချယ်ပါ။

• Browsing History အောက်ရှိ Delete ကိုနှိပ်ပါ။

• Cookies and website data Check box ကို အမှန်ခြစ်ပါ။ 

• ထို့အပြင် cache အတွက် Temporary Internet files and website files Check box ကို လည်း အမှန်ခြစ်ပါ။

• နောက်ဆုံးတွင် Delete ကို နှိပ်၍ ရှင်းလင်းနိုင်ပါသည်။

ဆက်လက်၍ Flash cookies ကို ရှင်းလင်းခြင်းကို ဖော်ပြပါမည်။ Windows OS တွင်ပြုလုပ်ပုံများကို အောက်ပါအတိုင် ဖော်ပြထားပါသည်။

• ပထမဦးစွာ Start မှ Control Panel နှိပ်ပါ။

• System and Security ကိုနှိပ်ပါ။

• Flash Player ကိုနှိပ်ပါ။

• Storage tab ကိုရွေးချယ်ပါ။

• Delete All ကို နှိပ်ပါ။

• Delete All Site Data and Settings Check bo× ကိုအမှန်ခြစ်ပါ။

• ပြီးလျှင် Delete Data ဖြင့် ရှင်းလင်းနိုင်ပါသည်။

 

Mac OS တွင် ပြုလုပ်ပုံများကိုလည်း အောက်တွင်ဖော်ပြထားပါသည်။

• ပထမဦးစွာ Apple Menu မှ System Preferences ကိုနှိပ်ပါ။

• Flash Player ကိုနှိပ်ပါ။

• Storage tab ကိုရွေးချယ်ပါ။

• Delete All ကို နှိပ်ပါ။

• Delete All Site Data and Settings Check bo× ကိုအမှန်ခြစ်ပါ။

• ပြီးလှျင် Delete Data ဖြင့် ရှင်းလင်းနိုင်ပါသည်။

အထက်တွင် ဖော်ပြထားသော နည်းလမ်းများဖြင့် Cookies များနှင့် Flash Cookies များကို ရှင်းလင်းနိုင်ပါသည်။

 

Reference: http://www.nyu.edu/its/faq/cache.html

https://nakedsecurity.sophos.com/2014/11/05/how-to-clear-out-cookies-fla...