Android Malware ဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ရန်

ID
TM0007-08

ယနေ့ခေတ်တွင် နည်းပညာများ တိုးတက်လာ သည်နှင့်အမှျ Mobile Phone သုံးစွဲသူများမှာလည်း တစ်နေ့ထက် တစ်နေ့ များပြားလာသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့ Mobile လောက တိုးတက်လာရာတွင် Android ဟုခေါ်သော Mobile OS မှာ အသုံးပြုသူများအကြား အထူးပင် ရေပန်းစားလျက် ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် Andriod OS မှာ Open Source ဖြစ်ခြင်းကြောင့် အသုံးပြုသူများကို လွယ်ကူစွာသုံးနိုင်ရန် စွမ်းဆောင်နိုင်ပေသည်။ နည်းပညာများ တိုးတက်လာသည် နှင့်အမှျ ၄င်းနည်းပညာကို အကျိုးရှိစွာ အသုံးပြုသူများ အနေဖြင့် အရမ်းကောင်းပေသည်။ သို့ရာတွင် အချို့ မှာ ထိုသို့တိုးတက်လာမှုကို ကောင်းစွာ အသုံးမပြုတတ်ဘဲ မကောင်းသည့် စမ်းသပ်မှုမျိုး ပြုလုပ်ကာ နှောင့်ယှက်ဖျက်ဆီးခြင်းများ ကိုပြုလုပ်လာကြပေသည်။ ထို့ကြောင့် အသုံးပြုသော user များထဲတွင် နည်းပညာ ဗဟုသုတမကြွယ်ဝသော သူများပါလာပါက ၄င်း Android OS တွင် Virus (သို့) Malware ဝင်ရောက်ခြင်းများ ဖြစ်ပေါ်နိုင်ပေသည်။ ထို့ကြောင့် ကွျနု်ပ်အနေဖြင့် Android သုံးစွဲသူများ အတွက် Android Malware ဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါအချက်များကို သတိပြုနိုင်ရန် အတွက် ရေးသားလိုက်ပါသည်။


 

၁။ Application များကို download ပြုလုပ်ရာတွင် တရားဝင်မဟုတ်သော (သို့) စိတ်ချယုံကြည်မှု မရှိနိုင်သော application store များမှ ဘယ်သောအခါမှ download မဆွဲပါနှင့်။
၂။ သင့်ဖုန်း ကို Passwords ထားရှိပြီး အသုံးပြုပါ။
၃။ သင်၏ဖုန်းတွင် Malware ဝင်ရောက်ခြင်းခံရ ပြီးပါက ဖုန်း၏ OS အား ချက်ချင်း Patch အဆင့်မြှင့်တင်ခြင်း (သို ့) အသစ်ပြန်လည် Install လုပ်ခြင်းများ ပြုလုပ်ပါ။
၄။ လူအများအသုံးပြုသော Wi-Fi Network ဖြင့် သင်၏ ပုဂိဂုလ်ရေးရာ သတင်း အချက်အလက်များကို ဖြန် ့ဝေခြင်း မပြုလုပ်ပါနှင့်။
၅။ သင်၏ဖုန်း အတွက် အကောင်းဆုံးဖြစ်မည့် Antivirus Application တစ်ခုကို ရွေးချယ်အသုံးပြုပါ။

၆။ သင်သည် Application အသစ်တစ်ခုကို download ပြုလုပ်တိုင်း Permission များကို သေချာနားလည်စွာ ဖတ်ပါ။
၇။ ၄င်းအပြင် Android Market မှ Internal Malware Scanner ဖြင့် စစ်ဆေးပြီးမှသာ သင်အလိုရှိသော Application များကို download ပြုလုပ်ပါ။
၈။ သေချာမှု မရှိသော သံသယဖြစ်ဖွယ် Permission များကို လက်မခံပါနှင့်။
၉။ သင်၏ဖုန်းအား အသုံးမပြုသော အချိန်တွင် Lock ချထားပါ။
၁ဝ။ သင်၏ ဖုန်းတွင် Internet အသုံးပြုပြီးတိုင်း Logout လုပ်ပြီးမှသာထွက်ပါ။
အထက်ပါ အချက်များကို သတိပြု လုပ်ဆောင် နိုင်စေရန် ရည်ရွယ်၍ စာဖတ်သူများကို အသိပေးရခြင်း ဖြစ်ပါသည်။

Refferences:

 

 

 

 

 

 

http://janderson99.hubpages.com/hub/Android-Malware-Protection-How-to-Avoid-the-Looming-Android-Malware-Epidemic

 

 

 

 

http://www.combofix.org/malware-attacks-on-android-how-to-prevent-them.php