Singapore Cyber Conquest (2019) တွင် မြန်မာနိုင်ငံကိုယ်စားပြု Team 0xpwn ပြိုင်ပွဲဝင်အသင်း (၃၇)သင်းတွင် အဆင့်(၅) ရရှိ

Image
1

Singapore Cyber Conquest (2019) တွင် ဝင်ရောက်ယှဉ်ပြိုင်နေသော မြန်မာနိုင်ငံကိုယ်စားပြု Team 0xpwn သည် စုစုပေါင်းရမှတ် (၇၂၀) ဖြင့် အဆင့် (၅) နေရာရရှိခဲ့ပြီး အဆင့် (၁)မှ အဆင့် (၄) အထိအား စင်ကာပူနိုင်ငံကိုယ်စားပြုအသင်းများမှ ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ စင်ကာပူနိုင်ငံမှ အသင်း (၃၀)၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့မှ (၁)သင်းစီဖြင့် စုစုပေါင်း (၃၇) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယခုနှစ်ပြိုင်ပွဲသည် Jeopardy CTF ပုံစံမျိုးမဟုတ်ဘဲ Red Team/ Blue Team ပုံစံဖြင့် ယှဉ်ပြိုင်ကြရသည့် CTF ပုံစံဖြစ်ပြီး တက္ကသိုလ်အဆင့် ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် ပထမဆုအဖြစ် အမေရိကန်နိုင်ငံ Black Hat USA 2020 သို့ စရိတ်ငြိမ်း တက်ရောက်ခွင့်၊ ဒုတိယဆုအဖြစ် ဒေါ်လာ (၆၀၀) နှင့် တတိယဆုအဖြစ် ဒေါ်လာ (၃၀၀) တို့ကို ချီးမြှင့်ခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ စင်္ကာပူနိုင်ငံတွင် ကျင်းပနေသော ASEAN Ministerial Conference on Cyber Security (AMCC) တက်ရောက်နေသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးသာဉီးမှ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

1