နည်းပညာတက္ကသိုလ်(မန္တလေး)တွင် "Incident Handling" သင်တန်းဖွင့်လှစ်

Image
1

လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်သည့်ဖြစ်စဉ်များအား ကိုင်တွယ်ဖြေရှင်းတတ်စေရန် ရည်ရွယ်၍ "Incident Handling - Intrusion Detection" သင်တန်းအား နည်းပညာတက္ကသိုလ်(မန္တလေး)၌ ယနေ့ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

အဆိုပါသင်တန်းကို (၁၂-၁၁-၂၀၁၉)ရက်နေ့မှ (၁၅-၁၁-၂၀၁၉)ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထိုက်၊ ဦးစီးအရာရှိ ဒေါ်ခင်မဉ္ဇူနှင့် ဒေါ်ရည်မွန်ကျော်တို့က သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။

သင်တန်းတွင် Module (၅)ခုအား သင်ကြားပို့ချမည်ဖြစ်ပြီး Module (1) - Advanced Persistent Threats၊ Module (2) - Incident Handling Process၊ Module (3) - Tools Explanation၊ Module 4 - Hands-on Exercise၊ Module (5) - Incident Drill - Combat Evolving Cyber Threats with Good Cyber Hygiene တို့ဖြစ်ကြပါသည်။

အဆိုပါသင်တန်းကို နည်းပညာတက္ကသိုလ်(မန္တလေး)၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(တောင်ကြီး)၊ နည်းပညာတက္ကသိုလ် (မုံရွာ)နှင့် နည်းပညာတက္ကသိုလ်(ပြည်) တို့မှဆရာ/ဆရာမ(၁၆)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။