Myanmar Cyber Security Challenge 2019 (အလွတ်တန်းအဆင့်) ပြိုင်ပွဲ ကျင်းပမည်

Image
1

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူငယ်များအကြား ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ အသိပညာပြန့်ပွားစေရန်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် Myanmar Cyber Security Challenge 2019 (အလွတ်တန်းအဆင့်) ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်နေ့၌ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
.
ပြိုင်ပွဲဝင်လျှောက်လွှာများကို (၂၆-၇-၂၀၁၉)ရက်နေ့ထက် နောက်မကျစေဘဲ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၊ S12 Building၊ ဇမ္ဗူကျက်သရေလမ်း၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်သို့ လူကိုယ်တိုင်လာရောက်ပေးပို့၍ ဖြစ်စေ၊ mcsc2019@ncsc.gov.mm သို့ အီးမေးလ် ဖြင့်ဖြစ်စေ ပေးပို့နိုင်ပြီး ပြိုင်ပွဲအကြောင်း အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် - ၀၆၇-၃၄၂၂၂၇၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
.
ပြိုင်ပွဲဝင်လျှောက်လွှာ Download လုပ်ယူရန်။
https://www.mmcert.org.mm/sites/default/files/2019-06/RegistrationForm2019.pdf

1

 

 

23