ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)၌ ဆိုက်ဘာလုံခြုံရေးနှင့် လူမှုကွန်ရက် အသိပညာပေး ဟောပြောပွဲပြုလုပ်

Image
1

ဆိုက်ဘာလုံခြုံရေးဆိုင်ရာအသိပညာများ ဝေမျှရန်နှင့် ဆိုက်ဘာလုံခြုံရေးနယ်ပယ်တွင် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ (၅-၈-၂၀၁၉)ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)၌ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နောင်စိုးက "Cyber Security Status of Myanmar" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထိုက်က "Myanmar Cyber Security Challenge" ပြိုင်ပွဲအကြောင်းအားလည်းကောင်း ရှင်းလင်းဟောပြောကြားခဲ့ကြရာ ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)နှင့် နည်းပညာတက္ကသိုလ်(မိတ္ထီလာ)တို့မှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

1

2

3